🖤24♥

2.5K 142 9
                                    

Memory တွေပြမဲ့အချိန်နီးလာတာမို့ Aim နှင့် Lily မှာအသည်းတထိတ်ထိတ်နဲ့ပင် Projector ကိုကြည့်ပြီး နှစ်ယောက်သားလက်တွေ ဆုပ်ကိုင်ပြီူ တုန်လှုပ်နေမိကြသည်။

"Aim ဘာဖြစ်လို့လဲ"

အခမ်းအနားပွဲကြီးရဲ့အလယ်မှာ ပျော်ရွှင်ကြည်နူးစွာစွာထိုင်နေတဲ့သတို့သားနှစ်ယောက်ကိုကြည့်ကာ Aim စိတ်ထဲ ကတိုးတိတ်စွာရေရွတ်နေမိသည်။

*ငါတောင်းပန်ပါတယ် Saint ရာငါတို့အသုံးမကျခဲ့လို့ ဖြစ်လာမဲ့ပြသနာတိုင်းအတွက် ငါကြိုတောင်းပန်ပါရစေ*

"ဘာဖြစ်လို့လဲ ကလေး"

သူတို့ကိုငေးကြည့်နေရင်း ငိုနေတဲ့ Lily Aim ကို Saint စိတ်မချစွာကြည့်နေမိသည်။Aim ပုခုံးပေါ်သို့လက်ကလေးတင်ပြီး ဘာဖြစ်လို့လဲချော့မေးနေတုန်း ဦးကလည်း မေးလာသည်မို့ ဦးဘက်ပြန်လှည့်ကာ ဖြေရှင်းရှက်ပေးလိုက်တော့သည်။

"ဦး သူတို့ကိုကြည့်ရတာ တစ်ခုခုဖြစ်နေသလိုပဲ"

"Aim တို့ဘာမှမဖြစ်ဘူးSaint အကိုခေါ်သွားလိုက်မယ်နော် Lily တို့ ဘာမှမဖြစ်ဘူး အခုအစီအစဉ်မအောင်မြင်ပေမဲ့ Studio မှာ Phi Xan ဆိုတဲ့သူရှိတယ် စိတ်မပူကြနဲ့နော်"

"Phi Xan ကလည်းမကောင်းဘူး သူကပါကြံရာပါ Phi Kao ရဲ့"

"မဟုတ်ဘူး Phi တို့လူပဲ အဲ့အစီအစဉ်အောင်မြင်တယ်နော် စိတ်မပူနဲ့"

"ဟုတ်"

"တော်ပါသေးရဲ့ ဒါပေမဲ့စိတ်မအေးသေးဘူး Aim Saint တို့နားမှာသွားနေလိုက်ဦးမယ် Lily သွားမယ်"

"ငါ....ငါ Phi Title တို့နဲ့ပဲနေခဲ့မယ် နင်သွားလိုက်"

Aim မျက်စောင်းတစ်ချက်ထိုးပြီး ထွက်လာပေမဲ့ Phi Kao က လက်ဆွဲပြီးခေါ်ရာနောက် ထပ်ပါသွားရပြန်ပြီ။ဒီလူကြီးက လူကို ခွေးဆွဲနွားဆွဲကို ဆွဲနေတော့ပါပဲ သူ့အားကြီးနောက်ပါသွားပြီး သူ့ဘေးနားမှာ ငြိမ်ငြိမ်လေး ထိုင်ရပြန်သည်။

Memory တွေပြန်ပြနေတဲ့အချိန်မှာ သူတို့နှစ်ယောက်မနေ့ကရိုက်ထားတဲ့ပုံလေးတွေ ပြန်ပြရင်းသီချင်းတွေဆို လက်ခုပ်တွေတီးနှင့် ထိုအချိန်မှ သက်ပြင်းချနိုင်တော့သည်။

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Место, где живут истории. Откройте их для себя