🖤13♥

3K 152 1
                                    

Perth တစ်ယောက် ကျန်းမာရေးပြန်ကောင်းလာတာကြောင့် ဆေးရုံမှာ တစ်ပတ်ထပ်နေပြီး အိမ်သို့ ပြန်ရောက်လာခဲ့သည်။

Daddy က ဆုံးပါးသွားပြီ ပေမဲ့လို့ ဆွေမျိုးဆိုလို့ Daily ပဲရှိတာလေ၊Daily ကလည်း ကျွန်တော့် ကျန်းမာရေး ကိုစိတ်မချဘူး ဆိုပြီး အိမ်ပြောင်းလာသည်အထိ၊အန်တီကတော့ China မှာပဲ Daddy ရဲ့ လုပ်ငန်းတွေကို ဦးစီးပေးထားသည်။

"အကို Daily ဒီနေ့အပြင်ခဏသွားဦးမယ်နော် ဝယ်စရာလေးတွေရှိလို့"

"ညီမလေး ပိုက်ဆံလောက်ရဲ့လား
ကဒ်ယူသွားလိုက်"

"ကျေးဇူးတင်ပါတယ် အကို Daily သွားတော့မယ်နော်"

Daily ကိုသုံးဖို့အလုံအလောက်ဖြစ်အောင် ကဒ်ထဲကိုငွေလွှဲပေးလိုက်တော့ Perth ကိုဖက်ကာ ကျေးဇူးတင်စကားပြောလာသည်။ချက်ချင်း အခန်းထဲက ထွက်သွားတော့ Daily ကို Perth ငေးကြည့်ပြုံးနေမိသည်။သူ့ရဲ့ တစ်ဦးတည်းသော ညီမလေးမို့.

                         ************

Bean ဆီကိုသွားပြီး Saint ရဲ့အကြောင်းနဲ့ Perth ရဲ့ ပတ်သတ်မှုတွေကိုစုံစမ်းရမယ်။တကယ်လို့ Saint ကလည်း ငါ့ရဲ့ လမ်းကြောင်းက ခလုတ်ကသင်း တစ်ခုဖြစ်လာနိုင်တယ်။ထို့ကြောင့် ကားကို bkk jail ဆီသို့ ဦးတည်လိုက်သည်။တရားခံနဲ့ တွေ့ဖို့မလွယ်ကူတာကြောင့် ထောင်မူးနဲ့ အရာရှိတွေကို လာဘ်ထိုးရသည်။တရားခံနဲ့တွေ့ချိန်မဟုတ်တာကြောင့်အရာရှိအခန်းထဲကိုခေါ်သွားရသည်။ဘာပဲဖြစ်ဖြစ် Bean ထောင်ကလွတ်မှဖြစ်မည်။ဒီကိစ္စအတွက် အရာရှိကို ကပ်ထားရပေဦးမည်။

"Saint က ဘာလဲ အဲ့စောက်ကလေးက Perth က အဲ့ကလေးကို ဆက်ဆက်ထိမခံပုံရတယ်"

"သူတို့က ကြိုက်နေတာ ပြီးတော့......ငါ့မှာ Perth ရဲ့အညှာ ရှိတယ် "

"ဘာလဲ...... နင်ငါ့ကို လျိုထားတာလား"

"ငါဒီမှာ မနေချင်တော့ဘူး.....ငါလွတ်ချင်ပြီ Daily နင်ငါ့ကို ထုတ်ပေးမယ်ဆိုရင် ငါပြောပြမယ်"

"ငါနင့်ကို လွတ်အောင်လုပ်ပေးမှာ အရာရှိတစ်ယောက် နဲ့ ငါနင့်ကိုအပ်ထားတယ် အခွင့်အရေးရတာနဲ့ သူနင့်ကို လွတ်ဖို့ ကူညီပေးလိမ့်မယ် ပြောစမ်းပါ နင် ဘာလုပ်ထားတာလဲ"

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Место, где живут истории. Откройте их для себя