🖤14♥

2.6K 143 2
                                    

Lily လက်အပူလောင်ထားတာကြောင့် ကျောင်းကို မလိုက်သွားဖြစ်ခဲ့။ဆေးရုံကို အမာရွက်ပျောက်အောင် နောက်တစ်ကြိမ်သွားပြရမည့် ရက်ချိန်ကြောင့် အိမ်က Pow တို့က အလုပ်ကိစ္စနဲ့ ခရီးထပ်ထွက်သွားတာကြောင့် Driver နှင့် သူနှင့် နှစ်ယောက်တည်းသာ။

ဆေးရုံတွင်းသို ကားလေး ထိုးရပ်ပြီးတောနဲ့. ဘေးလွယ်အိတ်လေးကို လွယ်တာ
Elevator မှ တစ်ဆင့် အပေါ်ထပ် သို တတ်ရန်ပြင်ဆင်နေသည်။တစ်ဖက်လမ်းမှTitle က Lily အနားရောက်လာပြီး နှုတ်ဆက်လေသည်။

"ကလေးမ...."

Title နှင့် ဆုံတော့ ပြုံးပြပြီး ဘာစကားမှထပ်မဆိုဖြစ်ကြ။Title က ပဲတိတ်ဆိတ်နေသည့် လေထုကိုစတင်ဖြိုခွဲရင်း

"လက်ကဒဏ်ရာ မသက်သာသေးဘူးလား"

"ဟုတ်........ အမာရွတ်ကြီးကျန်နေသေးလို့"

"Phi လိုက်ပို့ပေးမယ်နော်...."

ကိုယ့်ကြောင့်ဖြစ်ထားတာမို့ Title လိုက်ပို့ရန် ဆုံးဖြတ်လိုက်သည်။Lily ကလည်း မငြင်းတာမို့ ဆေးခန်းထဲထိ လိုက်သွားပြီး ဂရုစိုက်ပေးပြီး အနားမှာ ရှိနေပေးခဲ့သည်။

...................................................................................................................................

မနက်ပိုင်း အစည်းအဝေး ပြီးသည်နှင့် ကျွန်တော် ရုံးခန်းထဲမှာ ထိုင်ပြီး စာရင်းတွေစစ်နေမိသည်။စာမေးပွဲနီးပြီမို့ သူ့ဆီမလာရ အမိန့်ထုတ်ထားသည်မလား။

"ဦး......ကလေး လေ စာသင်ခန်းထဲမှာဦးရဲ့ပုံတွေပဲမြင်နေရတယ်စာလုပ်နေရင်လည်း ဦး အသံတွေပဲကြားနေရတယ်ကျောင်းစာသင်ခန်းထဲဝင်တာနဲ့ ကျောင်းဆင်း ခေါင်းလောင်းထိုးသံပဲစောင့်နေရတယ် ဦးလာကြိုပြီး ဟိုတစ်ခေါက်ကလို ကောင်မလေးတွေများ ဦးကို လာကြောင်နေကြမလား စိုးရိမ်နေရတယ်ဦး ဒီတစ်လ လုံးလုံး Saint နဲ့အဆက်အသွယ်ဖျတ်ပါ Saintစကားကိုနားမထောင်ရင် အဖြေမပေးနိုင်ဘူး ဒါပဲ"

မနေ့က ညနေကျောင်းပြန်တုန်းက ထုတ်လိုက်တဲ့အမိန့်က အလွမ်းတွေနဲ့ ပွေ့ဖတ်နေရမလိုပဲ၊ကလေးအသံလေးတွေ လည်း လွမ်းလှပါပြီကျောင်းတတ် ကျောင်းဆင်းလေး အပို့အကြို လုပ်ခွင့်ပါမရတဲ့ဖြစ်ခြင်းပါလေရော။

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Место, где живут истории. Откройте их для себя