🖤51♥

2.4K 146 14
                                    

ရွေးချယ်မှုတိုင်းမှာ စွန့်လွှတ်မှုဆိုတာရှိတတ်ကြတယ်

အနှစ်သက်ဆုံးတစ်ခုကိုရွေးချယ်လိုက်ရင် ပျော်ရွှင်ကြရတယ်

ဒါပေမဲ့စွန်လွှတ်ခံလိုက်ရတဲ့ အရာဟာလည်း တန်ဖိုးရှိသေးတယ်

ရွေးချယ်မှုမမှားပေမဲ့ စွန့်လွှတ်မှုမှားသွားတယ်

ဖြစ်နိုင်ရင် ကျွန်တော့်အသက်ကိုပေးချင်ခဲ့တာ

ဆုတစ်ခုပဲတောင်းချင်တယ်.ကျွန်တော့်အသက်ကိုနှုတ်ပြီး ကလေးရယ်သားတွေသမီးတွေရယ်ရဲ့အသက်ကိုဆက်ပေးလို့ရနိုင်မလား

.............................................................

"Kao Kao ဘယ်လိုလဲ"

အခန်းတံခါးဖွင့်ပြီးသည်နှင့်ထွက်လာတဲ့ Kao ကိုမြင်ပြီးပြေးထွက်လာပြီးအသည်းအသန်မေးနေတဲ့ သူ

"Charm OG ကိုသွားခေါ်ပါ"

"OG OG ဒါဆို"

ရောက်ယက်ခက်နေတဲ့ Perth ကို ထိန်းထားကြရင်း အတတ်နိုင်ဆုံး ဖြေရှင်းပေးနိုင်မဲ့ သကားမျိုးကိုတောင်မရှာဖွေနိုင်ခဲ့ပြန်ဘူး

"Saint ရဲ့အခြေ အနေအရမ်းဆိုးတယ် အဆိပ်က အချိန်ကြာမှပြန့်တဲ့အဆိပ်မျိုး
အခုကထိန်းချုပ်လို့မရဘူးဖြစ်နေတယ်အဆိပ်က ဆီးလမ်းထဲကိုဝင်သွားတော့ ကျောက်ကပ်ကအကြိတ်မှာသွားရောနေတယ် Perth"

မျက်လုံးအဝိုင်းသားနဲ့ ကျွန်တော့်ကိုစိုက်ကြည့်နေတဲ့ သူ

နှလုံးသားတစ်ခုလုံးကို အစိမ်းသက်သက် ထုတ်ယူခံရမယ်ဆိုရင်တောင် ဒီလောက်နာကျင်ရပါ့မလား

ကျွန်တော့်ခေါင်းတစ်ခုလုံးကို ထုရိုက်နေရင်တောင် ဒီလောက်အုံခဲနေပါ့မလား

"ငါအေးဆေးရှင်းပြမယ် ရုံးခန်းထဲကိုလာခဲ့ကျောက်ကပ်ပိုင်းက ဆရာ့အပိုင်းဆိုတော့ ငါထွက်လာရတာ..... မင်စိတ်ကိုလျှော့ပါငါတို့ ခွဲထုတ်ပြီးအဆိပ်ဖယ်ရင်း ကျောက်ကပ်ကိုပါ အစားထိုးလို့လွယ်တယ်"

ပြောနေရင်း မျက်ရည်တွေ တွေကိုအတင်းသုတ်ပြီး စကားကိုဖြတ်ပြောလာတဲ့Perth

"ဒါဆို အသက်အန္တရာယ်မစိုးရိမ်ရဘူးမလား Kao လုပ်လေ ငါခွင့်ပြုတယ်"

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ