🖤11♥

3.1K 163 3
                                    

Phi Kao တို့တွေက နှလုံးနှိုးစက်သို့ ဆေးရည်တစ်ချို့လောင်းချကာ ဦးရဲ့ ရင်ဘက်သို့ဖိကပ်ကာ ပြန်ခုန်စေရန် အလျှင်အမြန်ဆောင်ရွက်နေခဲ့ကြသည်။ကျွန်တော်ကတော့ ကျွန်တော့် ခန္ဓာကိုယ်လဲမကျသွားစေဖို့ စားပွဲကို အမှီထောက်ကာ အံကိုတင်းရင်း ကြည့်နေခဲ့ရသည်။

"အမြင့်ဆုံး ဒီဂရိ.......တီ...တီ.....Jow ××× ထိမြင့်မယ် Oxygen အိုး ထပ်ယူထားပေးပါ လေပိုက်ဖွင့်ပေးပါ နှလုံးပြန်ခုန်လာပြီ.......နှလုံးခုန်အရမ်းမြန်နေသေးတယ် Ok......ငြိမ်ပြီ.......အပူချိန် တအားများနေတယ်...........မေ့ဆေ့ 0.5 အနိမ့်ဆုံးထားပေးပါ.......Ok........သွေးစိမ့်နှုန်း နှေးသွားပြီ"

အားလုံးပုံမှန်အခြေအနေဖြစ်သွားပြီး Kao တစ်ယောက် Saint ကိုစိတ်မပူစေဖို့ ပြောရန် လှည့်လိုက်တုန်း ကြမ်းပြင်ပေါ်လဲကျနေသည်ကြောင့် အမြန်ပွေ့ချီကာ သူ့ခုတင်ပေါ်သို့ တင်ပေးပြီး နောက်တစ်ယောက်ကို စစ်ဆေးရပြန်သည်။

"ဦး................."

အစားပုံမှန်မစားတာရယ် အအိပ်ပုံမှန်မရှိတ်ာကြောင့် အားပြတ်ပြ မူးလဲသွားသည့်အပြင် စိတ်ဖိစီးမှု အရမ်းများနေတာကြောင့်။Nuk က Saint ဘေးတွင် လက်ကလေးကို ဆုပ်ကိုင်ထားရင်း စိုးရိမ်စိတ်ကြောင့် ဆုတွေတောင်းနေရသည်။

သတိဝင်ပြီး နိုးထလာတော့ '' ဦး '' တဲ့

ရေလေး ချော့မော့တိုက်ပြီး စိတ်ငြိမ်အောင် ခဏ ပြန်ထားပေးရသည်။Bean ဆိုတဲ့ ကောင်ကို တရားစွဲ ပြီးထောင်ချခဲ့သည်။လူတစ်ယောက်ကို သတ်ပြီး လူတစ်ယောက်ကို အပြင်းအထန်နှိပ်စက်သည့် အောက်တန်းစားကောင် ခံရသည့် လူတွေကလည်း သူ့ရဲ့သားငယ်ပင် လုံးဝမကျေအေးပေးနိုင် အမှုတွေ အထပ်ထပ်နှင့် ထိုလူကိုဒဏ်ခတ်ခဲ့ပါသည်။

"ဦး.... ဦး ရော Mae "

"သား ဦး က စောင့်ကြည့်လူနာအခန်းထဲမှာ ကွယ် နောက်နေ့မှ ဒီအခန်းကိုပြန်ပြောင်းလာပေးလိမ့်မယ်နော်"

"Saint သတိရလာပြီလား Saint အခုလို ခဏခဏ အဟာရပြတ်နေလို့မရဘူးနော်မင်း ဦးသာ ပြန်ကောင်းလာရင် ဒီလိုဖြစ်နေတဲ့ မင်းကိုကြည့်ပြီး စိတ်မကောင်းဖြစ်လိမ့်မယ် Perth ရဲ့ ညီမ လည်း ရောက်နေပြီ အဲ့တော့ မင်းအရင်လို ကျောင်းပြန်တတ်တော့ ကျန်းမာအောင်ပြန်နေတော့ "

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ