အပိုင်း(1)

7.8K 248 13
                                    

Unicode

ဆောင်းတွင်းမနက်စောစောအချိန် လမ်းမပေါ်မှာ အားကစားဝတ်စုံလေးနဲ့ ပြေးလာတဲ့ကောင်လေးတယောက်

တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ရဲ့အေးချမ်းမှုကိုခံစားနေတုန်း

"Ge ကျွန်တော့်ကိုစောင့်ပါဦး"

ရှောင်းကျန့်အသံလာရာကိုလှည့်ကြည့်ရင်း

"မြန်မြန်လာလေ ရိပေါ် ကျောင်းနောက်ကျမယ်နော်"

"လာနေတာပဲ Ge က မြန်နေတာလေ ကျွန်တော့ကိုစောင့်တောင်မစောင့်ဘူး မောလိုက်တာ"

လမ်းမပေါ်မှာ ကလေးတယောက်လို ထိုင်ချလိုက်တဲ့ရိပေါ်ကို ရှောင်းကျန့်ပြုံးပြီးကြည့်နေမိသည်။

"မောရင်နောက်နေ့ မလိုက်နဲ့တော့လေ မသိရင်geကပဲအတင်းခေါ်လို့လိုက်နေရသလိုလို"

"ဟင်"

ရိပေါ်geစကားကြောင့် ထိုင်နေရာမှထလိုက်ပြီး

"ရပြီ မမောပါဘူး geကိုစတာ နောက်နေ့လဲတူတူအားကစားလုပ်မယ်နော် လာခေါ်နော်"

"ဟောဗျာ ချက်ချင်းမမောတော့ဘူးလား ဒီကောင်လေးကတော့အမျိုးမျိုးပဲ"

ရှောင်းကျန့်က ရိပေါ်ခေါင်းလေးကိုပုတ်ပြီးပြောလိုက်သည်။

"ဒါဆိုမြန်မြန်လာ ကျောင်းနောက်ကျနေမယ်"

"Ge မနက်ဖြန်လာခေါ်ရမယ်နော်"

"လာခေါ်ပါမယ်ဗျာ"

ရိပေါ် ခုမှ သက်ပြင်းချနိုင်သည်။
Geရယ် geနဲ့နေ့တိုင်းတွေ့နိုင်မဲ့အခွင့်အရေးလေးက ဒါပဲရှိတာလေ ဒါကိုတော့လက်လွတ်ဆုံးရှုံးမခံနိုင်ဘူး

ရှောင်းကျန့်နဲ့ရိပေါ်က ငယ်ငယ်လေးတည်းအိမ်နီးချင်းတွေပါ မိဘချင်းကလဲရင်းနှီးကြတယ် ကျောင်းသွားလဲတူတူ ပြန်လာလဲတူတူ စာလုပ်လဲတူတူပဲ ရှောင်းကျန့်ကရိပေါ်ထက်ကြီးတော့ ရိပေါ်ကရှောင်းကျန့်အပေါ်ကလေးတယောက်လိုဆိုးတာပေါ့

ရှောင်းကျန့်ကလဲရိပေါ်ကိုညီအရင်းလေးတယောက်လိုချစ်တယ် ရိပေါ်ကလဲရှောင်းကျန့်ကို အစ်ကိုရင်းတယောက်လိုခင်တွယ်တယ် သူတို့အရွယ်ရောက်လာတာနဲ့အမျှ သူတို့ တယောက်ပေါ်တယောက်ထားတဲ့သံယောဇဉ် တွေကလဲပိုခိုင်မြဲလာခဲ့တယ်

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Where stories live. Discover now