Unicode
"တီ တီ တီ"
"သား ဘယ်လိုဖြစ်လာတာလဲ"
အိမ်ထဲကိုယိုင်ထိုးပြီး ဝင်လာတဲ့ရိပေါ်ကို ဝမ်မားကမေးလိုက်သည်။
"မာမား သား ဒီနေ့နဲနဲသောက်လာတယ်"
"အားကျန့် သားလေး ဘာလို့ဒီလောက်မူးလာတာလဲ"
"ရိပေါ်ကcompany dinnerကိုလိုက်လာရင်းနဲနဲသောက်လိုက်တာပါ တောင်းပန်ပါတယ် အန်တီ သား......"
"ဘာလို့တောင်းပန်တာလဲge မား ကျွန်တော် ဘာသာသောက်တာ geအမှားမဟုတ်ဘူး"
"အားကျန့်ရယ် တောင်းပန်စရာမလိုပါဘူး သားကလုပ်မယ်ဆို တားလို့ရတာမှမဟုတ်တာ"
"အန်တီ သား ရိပေါ်ကို အခန်းထဲသွားပို့လိုက်ဦးမယ်"
"အေးအေး သား"
ရှောင်းကျန့်က ရိပေါ်ကို အခန်းထဲတွဲပို့လိုက်သည်။ရိပေါ်ကို အိပ်ယာပေါ် တင်ပေးလိုက်ပြီး စောင်ခြုံပေးလိုက်သည်။အိပ်နေတဲ့ရိပေါ်မျက်နှာလေးကနေ ရှောင်းကျန့်အကြည့်မလွှဲနိုင် ရိပေါ်အိပ်နေတဲ့ပုံလေးက ငယ်ငယ်တုန်းကလိုပဲ ကလေးတယောက်လို့ ချစ်ဖို့ကောင်းနေသည်။
"Ge မသိဘူး ge မသိပါဘူး ကျွန်တော်geကို......"
အိပ်နေတာတောင်မှ သူ့ကိုတမ်းတပြီးယောင်တယ်တဲ့လား ကလေးရယ် မင်းကိုယ့်ကိုအဲ့လောက်တောင် ချစ်......
ရှောင်းကျန့်အတွေးတို့ကိုရပ်တန့်လိုက်သည်။
"မဟုတ်ဘူး ငါဘာတွေတွေးနေတာလဲ ရှောင်းကျန့် စိတ်နဲ့လူနဲ့ ကပ်စမ်းပါ"
ရှောင်းကျန့် ရိပေါ်အခန်းထဲကထွက်လာလိုက်သည်။
"အန်တီ ကျွန်တော် ပြန်တော့မယ်နော်"
"အေး သား"
❤️ ❤️ ❤️
"ရိပေါ် သား ထတော့ ဒီကလေး ထရောထနိုင်ရဲ့လား"
ဝမ်မားအခန်းထဲဝင်လာပြီး ခန်းစီး လိုက်ကာတွေကိုဖယ်လိုက်သည်။မနက်ခင်းရဲ့နေရောင်ခြည်က ရိပေါ် မျက်နှာလေးပေါ် ဖြာခနဲ
"အ မား သား ခေါင်းကိုက်တယ်"
"ကိုက်မှာပေါ့ ညကဘယ်လောက်တောင်သောက်လာလဲမှမသိတာ"
![](https://img.wattpad.com/cover/240823502-288-k970655.jpg)
ESTÁS LEYENDO
Geရဲ့ကလေးလေး(Completed)(Zaw+Uni)