အပိုင်း(17)

1.1K 98 1
                                    

Unicode

"ရိပေါ် ညနေ ကိုယ်ဘယ်အချိန် လာကြိုရမှာလဲ"

"အင်း...... 3နာရီလောက်"

"ကိုယ် လာခဲ့မယ်"

"Ge တာတာ"

Ge ကားထွက်သွားတဲ့အထိ ရိပေါ် ကြည့်နေသည်။

"ရိပေါ် မင်း ဘဲကြီးလိုက်ပို့တာလား"

စစ်ကျွေးက သူ့ပုခုံးကို လှမ်းတိုက်ရင်း မေးလိုက်သည်။

"ဘာ ဘဲကြီးလဲ"

"မှားလို့ မှားလို့ ဘဲ အလောင်းအလျာကြီး"

"စစ်ကျွေး ငါ့ရဲ့မင်္ဂလာရှိတဲ့ မနက်ခင်းလေးကို လာမဖျက်စီးနဲ့နော်"

"အေးပါကွာ မင်း လက်ထဲက ‌ရေခဲမုန့်လား ငါကိုကျွေးဦး"

"မကျွေးနိုင်ဘူး"

"ရိပေါ်ရာ တလုတ်ပဲ တလုတ်ပဲ ကျွေး"

"မကျွေးဘူး မင်းဘာသာဝယ်စား"

"ကပ်စီးနဲလိုက်တာ"

"ဘာဖြစ်လဲ"

"တလုတ်လေးတောင် မကျွေးတာ မင်း ဘဲ ဝယ်ကျွေးတာ မို့လို့လား"

"ဟုတ်တယ် ge ဝယ်ကျွေးတာမို့ မကျွေးတာ မင်းလဲ စားချင် မင်းဘဲဝယ်ကျွေးခိုင်းပေါ့ အာ မင်းကfaပဲ ကိုယ့်ဘာသာဝယ်စားလိုက်ပေါ့"

"ဘာfaဟုတ်လား ငါ ကမတွဲချင်လို့ပါနော် ငါ့နားမှာဝိုင်းဝိုင်းလည်နေတာ ခါချနေရတယ်"

"ဘာတွေလဲ ပုရွက်ဆိတ်တွေလား ဟားဟား"

"ဝမ်ရိပေါ် မင်းပြောထားဦးပေါ့ကွာ"

"ရိပေါ် ကျောင်းလာပြီလား ငါက နင်မလာတဲ့နေ့တွေစိတ်ပူနေတာ အိပ်လို့တောင်မရဘူး သိလား"

မျှမ်မျှမ် သူကရိပေါ်ကို လိုက်ကပ်နေတာ ကျောင်းစတက်ထဲက ရိပေါ်ကလဲ သူ့ဆို ကြည့်လို့ကိုမရတာ ဘယ်တော့မှ အကောင်းလဲမပြော ဒါတောင်မမှတ်ပဲ ခုချိန်ထိ လိုက်ကပ်နေတုန်း

"နင့်ကို ဘယ်သူကစိတ်ပူခိုင်းနေလို့လဲ"

"ဟို ငါ ဆေးရုံကို လာမလို့ပါပဲ ငါမအားလို့ စစ်ကျွေးကို မကူအညီတောင်းလိုက်တာ"

"ဪ မင်းကငါ့ကိုလာကြည့်ချင်လို့မဟုတ်ဘဲ သူများခိုင်းလို့လာကြည့်တာပေါ့ ဟုတ်လား စစ်ကျွေး"

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Место, где живут истории. Откройте их для себя