အပိုင်း(25)

1K 92 1
                                    

Unicode

"ရိပေါ် နိုးပြီလား"

"ဟုတ် ကော"

"ဒါဆို ရေချိုးပြီးဆင်းလာခဲ့နော် ကိုယ်အောက်က စောင့်နေမယ်"

"ဟုတ်"

ရိပေါ် ဆင်းလာတော့

"ရိပေါ် လာ အဆင်ပြေရဲ့လား ကိုယ်က မနက်ဆို ကော်ဖီနဲ့မုန့်ပဲ စားတော့"

"ရပါတယ်"

"ရိပေါ် အဆင်သင့်ပဲလား company မှာ အလုပ်လုပ်ဖို့"

"ကျွန်တော်ကြိုးစားမှာပါ"

"ကိုယ် ရှယ်ယာရှင်အစည်းအဝေးခေါ်ထားတယ် ရိပေါ်ကို ပွဲထုတ်ဖို့"

"ဘာလို့လဲကောရာ ဒီလောက်မလိုပါဘူး ကျွန်တော်က ဒီမှာ အကြာကြီးနေမှာမှမဟုတ်တာ"

"ဒါပေမဲ့ လုပ်ငန်းရှင်တွေကိုသိထားတော့ကောင်းတာပေါ့ ရိပေါ်ကို သူတို့ကလဲ တွေ့ချင်နေတာ"

"ကျွန်တော့်ကို ဘာလို့လဲ"

"ရိပေါ်က ဒီလုပ်ငန်းရဲ့ အနာဂတ်ပိုင်ရှင်လေ"

"ကော ပြောပြန်ပြီ"

"ကောက မဟုတ်တာပြောတာမှမဟုတ်တာ"

"တော်ပြီဗျာ စားပြီးရင်လဲ ‌သွားရအောင်"

"သွားမယ်လေ"

ရိပေါ်တို့ companyရောက်တော့

"ရိပေါ် ကောကို အခန်းထဲမှာစောင့်နေ အစည်းအဝေးစရင် ကောလာခေါ်မယ်"

"ဟုတ် ကော"

ရိပေါ် ကောရဲ့အခန်းထဲမှာ ထိုင်စောင့်နေလိုက်သည်။

"ရိပေါ်"

"ကော"

"ရိပေါ် ဘာမှမကြောက်နဲ့နော် ကောရှိတယ်"

"မကြောက်ပါဘူး ကောရယ်"

"သွားရအောင်"

အစည်းအဝေးခန်းထဲ ရိပေါ်နဲ့ရှီးချန်ဝင်လာတော့ အခန်းထဲကလူတွေအကြည့်တွေအကုန်လုံးက သူတို့နှစ်ယောက်ဆီသို့

"အားလုံးသိထားတဲ့အတိုင်း သူက မကြာခင်အချိန်မှာ ဝမ်groupကို ဦးစီးမဲ့ ဝမ်ရိပေါ်ပါ"

ရိပေါ် မတ်တပ်ရပ်လိုက်ပြီး

"ဝမ်ရိပေါ်ပါ အားလုံးကူညီပေးကြပါဦး"

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Hikayelerin yaşadığı yer. Şimdi keşfedin