Unicode
ဒီနေ့ ရိပေါ်ဆေးရုံဆင်းရမဲ့နေ့လေ ရှောင်းကျန့် ရိပေါ်ပစ္စည်းတွေကိုသိမ်းနေသည်
"Ge"
"ပြောလေ ရိပေါ်"
"ကျွန်တော် geကို မေးစရာရှိတယ်"
"မေးလေ"
"Ge ကျွန်တော့်ကို ဘယ်လိုသဘောထားလဲဟင်"
"ဟင်"
ရှောင်းကျန့် တွေဝေနေမိသည်။အရင်က ဒီလိုမေးတိုင်း မင်းကကိုယ့်ရဲ့ ညီလေးလို့ဖြေနေကျဆိုပေမဲ့ ခုချိန် အဲ့စကားက သူ့နှုတ်ခမ်းဖျားက ထွက်မလာ သူ ရိပေါ် ကိုညီလေးတယောက်ထက်ပိုတာ သူအသိဆုံးပေါ့
"ရိပေါ်က ကိုယ့်အတွက်...."
"ပြောလေ ge"
"ညီ"
"အစ်ကို"
"ကျောက်ပတ်တီးဖြည်ရအောင် ပြီးလို့ ထွေထွေထူးထူးမရှိရင် ဆေးရုံကဆင်းလို့ရပါပြီ"
"မြန်မြန်လာဖြည်ပေးပါ"
"ဆေးရုံကဆင်းချင်နေပြီလား"
"ဟုတ်တယ် ဒီဆေးရုံမှာ အဖျက်သမားများတယ်"
ရိပေါ်ကစူပုတ်ပုတ်နဲ့ပြောလိုက်တော့
"ရှောင်းကျန့် ငါ ဘာလုပ်မိလို့လဲ"
"ဘာမှမဟုတ်ပါဘူး လုပ်စရာရှိတာလုပ်"
"ကဲ ညီ ခြေထောက်က အဆင်ပြေလား လမ်းလျှောက်ရင် နာလား"
"ရပါတယ် အစ်ကို အဆင်ပြေတယ် မနာဘူး"
"နောက်တခါ ဆိုင်ကယ်စီးရင် ဂရုစိုက်နော် အစ်ကိုက စိတ်ပူလို့သတိပေးတာ"
"ဟုတ်ကဲ့ပါ အစ်ကို"
ရှောင်းကျန့် သူ့ရှေ့က နှစ်ယောက်ကိုမျက်စောင်တထိုးထိုး တယောက်ကလဲ ဂရုစိုက်ဖို့ အတန်တန်မှာ နောက်တယောက်ကလဲ ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့ ဝမ်ရိပေါ် မင်းခုတော့ တော်တော် လိမ္မာနေတယ်ပေါ့
"ဆေးရုံက ဆင်းရပြီဆိုပြီး မပေါ့နဲ့နော် အိမ်မှာလဲဂရုစိုက် ပြီးတော့"
"ကျန်းချန် မင်းဒီတသက်မှာလို့ပြီးတော့မှာလား"
"ငါက ဂရုစိုက်သင့်တာလေးတွေပြောတာပါ"
![](https://img.wattpad.com/cover/240823502-288-k970655.jpg)
ŞİMDİ OKUDUĞUN
Geရဲ့ကလေးလေး(Completed)(Zaw+Uni)