Unicode
ကျန်းချန် လေဆိပ်ကိုရောက်တော့
"Dr ကျန်းချန်"
"ကော ကျွန်တော့်ကိုလာကြိုတာလား"
"မင်းကို လာမကြိုလို့ ငါက ဘယ်သူ့လာကြိုရမှာလဲ ပါး လာကြိုခိုင်းလို့"
"ဦးလေးရော နေကောင်းလား"
"အွန်း လာ မင်းလဲခရီးပန်းလာပြီ မင်းနေရမယ့် အိမ်လိုက်ပို့မယ်"
"ဟုတ် ကော"
ကျန်းချန် ခဏ ကားစီးပြီး အိမ်တလုံးသို့ရောက်လာသည်။
"ကျန်းချန် ဒါကောအိမ်ပဲ မင်းလွတ်လွတ်လပ်လပ်နေနော် ခုနားလိုက်ဦး မနက်ဖြန် ကောနဲ့ ဆေးရုံအတူသွားကြတာပေါ့"
"ဟုတ် ကော"
ကျန်းချန် ခရီးပန်းလာတာကြောင့် ရေချိုးပြီး တန်းအိပ်လိုက်သည်။
နောက်တနေ့မနက်
"Morning ကော"
"Morning ညက အိပ်ရတာ အဆင်ပြေရဲ့လား"
"ဟုတ် ပြေပါတယ် ကော"
"လာ breakfast လာစားလေ ပြီးရင် ကောတို့သွားကြတာပေါ့"
ကျန်းချန် ကောနဲ့အတူ breakfastစားပြီး သူအလုပ်လုပ်ရမဲ့ဆေးရုံသို့လာခဲ့သည်။
"ဒီ ဆေးရုံပဲ ကျန်းချန်"
"ကျန်းချန် ဆေးရုံထဲဝင်လာခဲ့ပြီး ဆေးရုံအုပ် ရုံးခန်းသို့ သွားလိုက်သည်။
"ဦးလေး"
"Dr လာ ထိုင်ပါ Dr နေရထိုင်ရတာအဆင်ပြေရဲ့လား ရုတ်တရတ်ဆိုတော့ သေချာမစီစဉ်လိုက်ရဘူး"
"ရပါတယ် ဦးလေး ကျွန်တော် အဆင်ပြေပါတယ်"
"ခု ကျန်တဲ့ဆရာဝန်တွေလဲရောက်နေပြီဆိုတော့ တယောက်နဲ့တယောက် သိသွားအောင် မိတ်ဆက်ပေးမယ် လာ"
"ဟုတ်ကဲ့ ဦးလေး"
ဆေးရုံအုပ်နဲ့အတူအခန်းထဲကထွက်လာတော့ ဆေးရုံရှေ့မှာ ဆရာဝန်များ စုဝေးသွားကြသည်။
"အားလုံးပဲ ဒီက Drကတော့ Dr ကျန်းချန်ပါ"
"မင်္ဂလာပါဗျ ကျွန်တော်က ဒီဆေးရုံကို တာဝန်နဲ့ပြောင်းလာတဲ့ Dr ကျန်းချန်ပါ ကူညီပေးပါဦး"
ESTÁS LEYENDO
Geရဲ့ကလေးလေး(Completed)(Zaw+Uni)