Unicode
"Ge ရေချိုးခန်းထဲမှာအကြာကြီးဘာလုပ်နေတာလဲ"
ရှောင်းကျန့် ညစာစားပြီးထဲက ရေချိုးခန်းထဲဝင်သွားတာ ခုထိထွက်မလာသေး ထွက်လဲမထွက်ချင်ဘူး ရှောင်းကျန့် စိတ်ထဲကြောက်သလိုလို ရင်တုန်သလိုလိုနဲ့ မင်္ဂလာဦးညမို့လို့ပဲလားတော့မသိ
"ဟို ခဏနေရင် ထွက်လာမယ်"
"ကျွန်တော် အိပ်ချင်နေပြီgeရာ"
"ရိပေါ် အိပ်ချင် အိပ်နှင့်လေ"
"ဒါဆို ကျွန်တော်အိပ်တော့မယ်နော်"
ဟင် ရိပေါ်ကတကယ်အိပ်တော့မှာလား ရှောင်းကျန့် ရေချိုးခန်းတံခါးကို အသာ ဖွင့်ကြည့်တော့ ရိပေါ်က ကုတင်ပေါ်မှာ အိပ်နေပြီ တကယ်ကြီးလား
ရှောင်းကျန့်ရေချိုးခန်းထဲကထွက်လာပြီး ကုတင်ပေါ်တက်လာတာတောင် ရိပေါ်တုတ်တုတ်မလှုပ်
ရှောင်းကျန့် ရိပေါ်မျက်နှာနား လက်ဝှေ့ယမ်းကြည့်တော့လဲ မနိုး
"ဟီး တကယ် အိပ်သွားတာပဲ ဟူး"
ရှောင်းကျန့် အိပ်တော့မယ်အလုပ် လက်ကိုလှမ်းဆွဲလိုက်တဲ့ ရိပေါ်
"အိပ်ရအောင် ဘယ်အချိန်ရှိသေးလို့လဲ"
"ဟင် ရိပေါ် အိပ် အိပ်နေပြီမဟုတ်လား"
"ဟင့်အင်း ဒီည တညလုံးအိပ်မှာမဟုတ်ဘူး"
ရှောင်းကျန့် ရိပေါ်ကို တွန်းထုတ်နေပေမဲ့ ရိပေါ်လက်က လွှတ်မသွား
"မအိပ်ချင်မအိပ်နဲ့လေ ကိုယ်ကတော့ အိပ်ချင်နေပြီ အိပ်တော့မယ်"
"ဟင့်အင်းမရဘူး geလဲမအိပ်ရဘူး ကျွန်တော့်ကိုအကြာကြီးစောင့်ခိုင်းလို့ geကို တညလုံးအပြစ်ပေးရမယ်"
"ရိပေါ်"
ရိပေါ် ရှောင်းကျန့်ကို သူ့အောက်ပို့လိုက်ကာ အနမ်းတွေစတင်တော့သည်။အချိန်အတော်ကြာလာတော့ ရှောင်းကျန့်ကို ရိပေါ်ကို တွန်းထုတ်သည်
Geမောနေပြီထင်တယ်
ရိပေါ် ရှောင်းကျန့်ရဲ့ နှုတ်ခမ်းလေးကို လွှတ်ပေးလိုက်ပြီး ရိပေါ်အနမ်းတို့က ရှောင်းကျန့်လည်တိုင်ကိုကျရောက်လာသည် လည်တိုင်ကို ခပ်ဖွဖွကိုက်လိုက်တော့ ရှောင်းကျန့်ထံမှ အင့်ခနဲ့ အသံထွက်လာသည်။
VOUS LISEZ
Geရဲ့ကလေးလေး(Completed)(Zaw+Uni)