အပိုင်း(19)

1.1K 97 3
                                    

Unicode

"ဒီဆိုင်ပဲလား"

"ဟုတ်တယ် ဒါ အရင်က ကျွန်တော်တို့အကုန်တူတူလာခဲ့ဖူးတဲ့ဆိုင်လေ"

"ဟုတ်တယ်လေ အဲ့ညက ရိပေါ် ရစ်နေလို့တောင် အဖွဲ့မှူးလိုက်ပို့ခဲ့ရတယ်မဟုတ်လား"

အကုန်လုံးဆိုင်ထဲ ဝင်သွားကြသည်။ရှောင်းကျန့် ဝင်မယ်လုပ်တော့

"Ge ကျွန်တော် မယုံနိုင်သေးဘူး ကျွန်တော် ge ကိုပိုင်ဆိုင်ပြီပေါ့နော်"

"အွန်း မယုံသေးဘူးလား အိမ်မက် မဟုတ်ကြောင်း သက်သေပြရမလား"

"အင်း ပြလေ"

ရိပေါ် သူ့နှုတ်ခမ်းကို လက်ညိုးထိုးပြလိုက်သည်။

"ဘာလဲ ဆွဲထိုးရမှာလား"

"ဟာ ge ကလဲ ဒါနဲ့ge အဲ့ညက တခုခုမဖြစ်ခဲ့ဘူးလား"

"ဘာ ဘာဖြစ်ရမှာလဲ"

"ကျွန်တော်မူးနေတုန်း ge ကျွန်တော့်ကို အသားယူ...."

"ဝမ် ရိ ပေါ်"

"Geကလဲ ချစ်လို့စတာကို"

ရိပေါ် ရှောင်းကျန့် ကို ခါးကနေ လှမ်းဆွဲဖက်လိုက်သည်။

"ရိပေါ် လွှတ် ခုအပြင်မှာ‌လေ ဘယ်လိုဖြစ်နေတာလဲ"

"အဲ့ဒါဆို အိမ်မှာတော့ ရတယ်ပေါ့"

"ရိပေါ် လွှတ်ပါ"

"လွှတ်စေချင် နမ်းလေ ဒါဆို လွှတ်ပေးမယ်"

ရှောင်းကျန့် လူရိပ်လူခြေကြည့်လိုက်သည်။

"တကယ်လား"

"အွန်း"

ရှောင်းကျန့် ရိပေါ် မျက်နှာနားတိုးလာတုန်း

"အဖွဲ့မှူး ဘာလို့ မလာ အာ ကျွန်တော် ဘာမှမမြင်ဘူး ဆက်လုပ် ဆက်လုပ်"

"ဟာ ‌တွေ့လား မဖြစ်ပါဘူးဆို"

"ဘာဖြစ်လဲ geရာ အကုန်သိနေတာပဲကို"

"သွားပြီ"

"Ge"

ရှောင်းကျန့်တို့အထဲရောက်တော့ အကုန်လုံးမှာပြီးနေပြီ

"လာ ရိပေါ် ရော့  သောက် အဖွဲ့မှူးလဲ နဲနဲသောက်"

"ဟို ကျွန်တော်..... "

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Место, где живут истории. Откройте их для себя