အပိုင်း(47)

1.1K 73 1
                                        

Unicode

"ပါး မြန်မြန်သွားရအောင်လေ မားကလဲ မပြီးသေးဘူး အလှပြင်တာ တော်တော်ကြာနေပြီ အစ်ကိုကျန်းချန် ရောမပြီးသေးဘူး ကျဲတို့ရော မြန်မြန်သွားရအောင်ဗျာ"

"ဝမ်ရိပေါ် 3နာရီကျော်ကျော်လိုပါသေးတယ်ကွာ မလောစမ်းပါနဲ့"

"အေးလေ ရှောင်းကျန့်တောင် မပြီးသေးဘူး"

"Geက သတို့သားမို့ ပြင်ဆင်ရတာထားပါတော့ ကျဲတို့က အဲ့လောက်ပြင်စရာလိုလို့လား ကျဲမျှမ်မျှမ်ဆို ဘယ်လောက်ပြင်ပြင်ဒီရုပ်ပဲဟာကို"

"ကဲ ကိုယ်တော်ချောရေ ကျွန်မတို့အားလုံးပြီးပါပြီ အစ်ကို့ရဲ့သတို့သားလောင်းပဲ ကျန်ပါတော့တယ်"

"ကျွန်တော်geကို သွားကြည့်လိုက်ဦးမယ်"

"Ge ပြီးပြီလား ge"

"အွန်း ပြီးပြီ"

ရိပေါ် အဖြူရောင်suitလေးနဲ့လိုက်ဖက်လွန်းလှသည့် သူ့လူသားလေးကို မျက်တောင်မခတ်တမ်းကြည့်နေမိသည်။

"ရိပေါ် ဘာလို့အဲ့လောက်တောင်ကြည့်နေတာလဲ"

"Geက အရမ်းချစ်စရာကောင်းလို့"

"လာပါ သွားရအောင်"

"အွန်း"

ရှောင်းကျန့်ကို လက်လေးပေးလိုက်တော့ ရှောင်းကျန့်က ရိပေါ်လက်လေးကိုချိတ်ပြီး ဆင်းလာခဲ့လိုက်သည်။

"ကဲ အားလုံးပြီးရင် သွားရအောင်"

ခန်းမကိုရောက်တော့ မင်္ဂလာအချိန်လိုသေးတာမို့ သတို့သားနှစ်ယောက်လုံး နားနေခန်းထဲမှာ နေလိုက်သည်။နှစ်ယောက်တခန်းထဲနေချင်ပါတယ်ဆိုတဲ့ရိပေါ်ကို လူကြီးတွေလဲပြောမရသောကြောင့် နားနေခန်း တခန်းသာ စီစဉ်လိုက်ရသည်။

"ကျဲမောင်လေးက အရမ်းချောတာပဲ"

"တကယ်လား ကျဲ"

"တကယ်ပေါ့ ရိပေါ်လေးက အချောဆုံးပဲ"

"ရိ‌ပေါ်ရဲ့သတို့သားလေးကလဲ ချောပါတယ်နော်"

"ရှောင်းကျန့်ကော မျှမ်မျှမ်နဲ့ဟိုနားလေးမှာဓာတ်ပုံတပုံလောက်တွဲရိုက်ရအောင်"

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Место, где живут истории. Откройте их для себя