အပိုင်း(21)

1.1K 85 2
                                    

Unicode

ဒီလိုနဲ့ သားတော်မောင်ကို လင်လိုက်တောင်း အဲ ယောင်္ကျား လိုက်တောင်းပေးဖို့ ဝမ်အိမ်တော်ကို ရှောင်းပါး ရောက်ခဲ့ပါတယ်

"ရှောင်သူဌေး အားကျန့် ကြွပါ ကြွပါ ထူးထူးဆန်းဆန်း သူဌေး ဘာကိစ္စရှိလို့လဲဗျာ"

လင်လာတောင်းပေးတာပါခင်ဗျာ လို့ ပြောရမလား

ရှောင်ပါး ဘယ်လို စကားစရမလဲ မျက်နှာပူနေတုန်း ရွှေသမက်လေးက

"ပါး ပြောလိုက်လေ ဟီး"

"ကျွန်တော် လာတာ ကလေးတွေ ကိစ္စပါ ဝမ်သူဌေး ကျွန်တော့်သားနဲ့ ခင်ဗျားသားက တဦးနဲ့တဦး....."

"ပါးကလဲ ရှည်လိုက်တာ အဲ စကားပြောတာရှည်လိုက်တာလို့ ဒီလို သားgeကို ယူမယ်ဗျာ အဲ့ဒါ ပါးတို့ သဘောတူပေး"

"ဘယ်လို ရှောင်သူဌေး"

"ခင်ဗျားသား ပြောသလိုပါပဲဗျာ"

ရှောင်ပါး အခြေအနေကို ကြည့်လိုက်တော့ ဝမ်သူဌေးရော ဝမ်ကတော်ပါ ငြိမ်နေတာမို့

"ရှောင်သူဌေး ဘာလုပ်တာလဲဗျာ ထပါ"

"ဟုတ်ပါတယ် ဒီလောက်ထိလုပ်ဖို့မလိုပါဘူးရှင်"

ရှောင်းပါးက ထိုင်ရာက ထပြီး ဒူးထောက်လိုက်ချင်းပင်

"သားတို့ကို သဘောတူလိုက်ပါဗျာ ယူပြီးရင်လဲ အားကျန့် ကို ဒီအိမ်ပို့လိုက်မှာပါ သ‌ဘောတူပါ မတူရင် ခင်ဗျားနဲ့ကျုပ် company အနာဂတ်က ရင်လေးးစရာတွေချည်းမို့လို့ပါဗျာ"

"ကျွန်မတို့ဘက်ကလဲ သဘောမတူစရာမရှိပါဘူး အားကျန့်ကို ချစ်ပြီးသားပါ က‌လေးချင်းကလဲ မေတ္တာမျှနေတာဆိုတော့ ပြောစရာတော့မရှိပါဘူး"

"ကိုယ်ကတော့ပြောစရာရှိတယ်"

"ပါး ပါးက သဘောမတူဘူးလား မရဘူးနော် သဘောမတူရင် သားကခိုးပြေးမှာ"

"ရိပေါ်"

"Ge ကျွန်တော့်နောက်လိုက်မယ်မဟုတ်လား"

"ဟို ကိုယ်လေ......"

"Ge က ကျွန်တော့်ကို မချစ်ဘူးလား"

"ချစ် ချစ်တယ်လေ"

"လာ ဒါဆို ခိုးပြေးကြရအောင်"

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Donde viven las historias. Descúbrelo ahora