အပိုင်း(3)

2.1K 158 1
                                    

Unicode

"ကဲ အားလုံးပဲ ဒီနေ့က ငါတို့companyရဲ့အောင်မြင်မှု အထိမ်းအမှတ်ပဲ အားလုံး ပျော်ပျော်ပါးပါးနေကြ"

"ရေး......"

"တယောက်တခွက်စီကိုင်ကြ ငါ့တို့companyရေရှည် အောင်မြင်မှုတွေအတွက်cheer"

"Cheer"

"တခါတည်းသောက်ရမှာနော်"

ရှောင်းကျန့်က အရက်ခွက်ကိုပြန်ချလိုက်သည်။

"အဖွဲ့မှူးဘာလို့မသောက်တာလဲဟင်"

"ဟို ကျွန်တော်က......"

"Geကအရက်မသောက်တက်ဘူး"

ရိပေါ်ကဝင်ပြောလိုက်သည်။

"မရဘူး ရှောင်းကျန့် companyအတွက်အောင်ပွဲခံနေတာ မသောက်လို့မရဘူး"

"ဟုတ်ပါတယ် နဲနဲတော့သောက်ပါ"

"ရှင်းချိန် ငါလေ...."

"နဲနဲတော့သောက်ကွာ"

"အေးပါကွာ နဲနဲပဲနော်"

ရှောင်းကျန့် အရက်ခွက်ကိုင်ပြီးသောက်ဖို့ပြင်လိုက်တော့

"Ge ကျွန်တော်လဲသောက်မှာ geလဲသောက်မှာဆိုတော့ အိမ်ပြန်ရင် ဘယ်သူကားမောင်းမှာလဲ"

"ဟင်"

ရှောင်းကျန့် အရက်ခွက်ကိုပြန်ချလိုက်ပြီး ဘာမှမပြောဘဲ ရေပဲသောက်နေလိုက်သည်။

"အဖွဲ့မှူးတို့က တအိမ်တည်းတူတူနေကြတာလား"

"ဖူး အဟွတ် အဟွတ်"

ဝန်ထမ်းတယောက်ကပြောလိုက်တဲ့စကားကြောင့် ရှောင်းကျန့်သောက်လက်စရေပါ သီးသွားသည်။သူကရိုးရိုးသားသားမေးပေမဲ့ ကိုယ်တွေးလိုက်တာက

"အဖွဲ့မှူး ဘာဖြစ်တာလဲ ရရဲ့လား"

"အဟွတ် အဟွတ် ရတယ်ရတယ်"

ရိပေါ်ကတော့ ge ဘာကြောင့်ဖြစ်မှန်းသိတာမို့ ပြုံးစိစိနဲ့

"သောက်ရမယ်ဆိုရင်လဲgeအစားကျွန်တော်သောက်ပေးမယ်"

ရိပေါ် ရှောင်းကျန့်ခွက်ကိုယူလိုက်ပြီးတခါတည်းမော့သောက်လိုက်သည်။

"ကုန်သွားပြီနော်"

ရိပေါ်က geကို"ကျွန်တော် ဘယ်လိုလဲ"ဆိုတဲ့သဘောနဲ့ မျက်စပစ်ပြလိုက်တော့geကလက်တဖက်ပေါ်တဖက်ထပ်ပြီး"ရှဲရှဲ"လို့ပြန်လုပ်ပြသည်။

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Où les histoires vivent. Découvrez maintenant