အပိုင်း(26)

979 85 1
                                    

Unicode

မုန့်ယောင် ထမင်းစားပြီး ရှီးချန် အခန်းထဲ ဝင်လာခဲ့သည်။

"ဘာပြောစရာရှိလို့လဲ ကိုကို"

"ဂျပန်သွားရင် မင်းကိုပါ လိုက်စေချင်တယ်"

မုန့်ယောင် ပြုံးလိုက်သည်။ကိုကိုက သူ့နဲ့အတူရှိနေချင်လို့ ခေါ်တာမှမဟုတ်တာ သူ့ကို အသုံးလို လို့ပဲနေမှာပေါ့

"ဒီတော့ ကျွန်တော်ကအသုံးဝင်လာပြီလား ကိုကို"

"မင်း.........."

"မလိုက်နိုင်ဘူး ကျွန်တော် ကိုကို ကို ဒီလိုမလုပ်စေချင်ဘူး"

"မုန့်ယောင် မင်းပြောတော့ ငါ့ကို ကူညီမယ်ဆို ငါ လိုအပ်ရင် မင်းရှိနေပေးမယ်ဆို"

"ကျွန်တော် ချစ်ရတဲ့သူက တခြားသူတယောက် အတွက် ကြိုးပမ်း‌နေတာကို ထိုင်တောင် မကြည့်နိုင်တာ ကျွန်တော်က ကူညီရဦးမှာလား ရယ်ရတယ်နော် ကိုကို တော်တော် အတ္တကြီးတာပဲ"

"ငါ ငါ မသိဘူး လူတိုင်းက ကိုယ်လိုချင်ရဖို့ ကြိုးစားနေကြရတာပဲ ငါလူမှားသွားတယ် လူတွေက ကူညီမယ်ပြောတိုင်း တကယ် ကူညီတာမှ မဟုတ်တာ"

"ကိုကို ကဒီအချိန်မှာ ကျွန်တော်ပြောတာတွေ ဘယ်နားဝင်ပါ့မလဲ ဒီတော့ နည်းလမ်းကျကျပဲပြောကြည့်ရအောင် ကိုကို ကို ကူညီခဲ့ရင် ကျွန်တော် ဘာပြန်ရမှာလဲ ကိုကို လိုချင်တဲ့အရာတခု အတွက် ရင်ကွဲ ခံပြီး ကူညီရတဲ့ ကျွန်တော် ကရော ဘာပြန်ရမှာလဲ"

"ငါ သူ့ကို ပိုင်ဆိုင်ပြီးရင် မင်း ဝမ်groupကို ယူမလား ရှောင်းgroupကိုယူမလား ငါပေးမယ်"

"ဟက် ကိုကို လိုချင်ရင် ကျင်းgroup ကိုပါပေးနိုင်တယ် အဲ့ဒါတွေယူပြီး ကျွန်တော်က ဘာလုပ်ရမှာလဲ"

"မင်းဘာလိုချင်တာလဲ"

"ကျွန်တော်လိုချင်တာက မရနိုင်မှန်းသိပါတယ် ကျွန်တော် ပြောတာကို လက်ခံရင် ကျွန်တော်ကူညီပေးမယ်"

"ဘာလဲ"

"ဒီကိစ္စ‌ အောင်မြင်သွားလဲကျွန်တော့်ကို ကိုကို့ နားမှာ ဆက်ရှိနေခွင့်ပေးပါ တကယ်လို့သာ မအောင်မြင်ခဲ့ရင် ကိုကို့ ကို ကျွန်တော် လိုချင်တယ် ဘယ်လို့လဲ"

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Nơi câu chuyện tồn tại. Hãy khám phá bây giờ