အပိုင်း(6)

1.7K 131 1
                                    

Unicode

"ဟဲလို"

"ဟဲလို ရိပေါ် နေကောင်းလား"

"ဟင် ကော ကောလား"

"အင်း"

"ကော ရှီးချန်ကော ကျွန်တော်ဆီ ဖုန်းမဆက်တာဘယ်လောက်ကြာနေပြီလဲ"

"ကော တောင်းပန်ပါတယ်ကွာ ကောလဲ နိုင်ငံခြားရုံးခွဲမှာ အလုပ်ရှုပ်နေလို့ပါ ပါးနဲ့မားရော နေကောင်းရဲ့လား"

လန်ရှီးချန် ရှီးချန်က ငယ်ငယ်လေးတည်းက မိဘနှစ်ပါးလုံးဆုံးပါးသွားတဲ့ တကောင်ကြွက် မိဘမဲ့ကလေးတယောက်ပါ

ရှီးချန်ပါးက ဝမ်groupရဲ့ဝန်ထမ်းတယောက် အလုပ်ကိစ္စကြောင့် ခရီးသွားရင်း မတော်တဆမှုတခုကြောင့်အသက်ဆုံးရှုံးခဲ့တော့ ဝမ်ပါးကရှီးချန်တို့ သားအမိနှစ်ယောက်ကိုထောက်ပံ့ခဲ့တယ်သိပ်မကြာခင်မှာပဲ မားကလဲ ပါးစိတ်နဲ့ပဲဆုံးသွားတော့ ဝမ်သူဌေးက ရှီးချန်ကိုမွေးစားခဲ့တယ် ရိပေါ်နဲ့ရှီးချန်က လဲ ညီအစ်ကိုရင်းတွေလိုပဲ အရမ်းချစ်ကြတယ်

ငယ်ငယ်လေးတည်းက လိမ္မာတဲ့ရှီးချန်က အရွယ်ရောက်တော့လဲ ပါးအားကိုးရတဲ့သားတယောက် U.Sကိုပညာတော်သင်သွားရင်း ခုလဲU.Sက ဝမ်groupရုံးခွဲတွေကို ဦးဆောင်နိုင်တဲ့လုပ်ငန်းရှင်လေးတယောက်ဖြစ်နေပြီ

"ပါးနဲ့မား နေကောင်းပါတယ် ဒါနဲ့ကော ဘယ်တော့ပြန်လာမှာလဲ U.Sရောက်တည်းက တခေါက်တောင်ပြန်မလာဘူး"

"ကော ကောပြန်လာဖို့အဆင်သင့်မဖြစ်သေးဘူး"

"ဘာလဲ အဲ့မှာမိန်းမရနေပြီလား"

"မဟုတ်ရပါဘူးကွာ အလုပ် အလုပ်‌တွေမပြီးပျက်သေးလို့ပါ"

"အလုပ် အလုပ် အလုပ် ပါးနဲ့ ကောက အလုပ်ပဲလုပ်နေကြတယ် အဲ့လောက်လိုလို့လား"

"အလုပ်ကတော့လုပ်ရမယ်လေ ရိပေါ်ရဲ့ မားကိုဖုန်းပေးလိုက်ပါဦး ကိုယ်ပြောမလို့"

"ကော ကျွန်တော်ကဆေးရုံမှာ"

"ဘာ ဆေးရုံမှာ ဘယ်သူဘာဖြစ်လို့လဲ"

"ဟို ကျွန်တော် ဆိုင်ကယ်နဲ့ကား ဟို မတိုက်မိပါဘူး ကျွန်တော် ‌မရှောင်နိုင်ပဲ လဲသွားတာ"

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Donde viven las historias. Descúbrelo ahora