အပိုင်း(34)

926 75 2
                                    

Unicode

"အားနင်"

"ကျဲ ပြန်လာပြီလား"

"အားနင် အပြင်မထွက်ဘူး မဟုတ်လား"

"ဟုတ် ကျွန်တော် ဘယ်မှမသွားပါဘူး"

"အားနင် ဆေးသောက်ရမယ်နော် ဘာစားချင်လဲ ကျဲကိုပြောလေ"

"ဘာပဲဖြစ်ဖြစ်ရပါတယ်"

"ခဏလေးနော်"

"ကျဲ ကျွန်တော်မေးစရာရှိလို့ ဒီလက်စွပ်လေးက ကျဲပေးထားတာလား ကျွန်တော့်ဆီမှာ ဘယ်တုန်းထဲကရှိတာလဲဟင်"

"ဟင် ကျဲ ကျဲလဲမသိဘူး အရင်တုန်းကတော့ မတွေ့ဖူးဘူး"

"ဟုတ်လား ကျွန်တော်စိတ်ထဲမှာဒီလက်စွပ်လေးက တခုခုထူးခြားတဲ့အဓိပ္ပာယ်ရှိနေသလိုပဲ"

"အားနင် ဘာမှသိပ်မစဉ်းစားနဲ့လေ ခေါင်းကိုက်နေဦးမယ် သွား အိပ်ယာထဲမှာနားနေလိုက်"

"အခန်းထဲမှာ နေရတာ မွန်းကြပ်လို့ပါ ဒီမှာပဲထိုင်နေမယ်လေ နော်"

"အွန်း ဆေးသောက်ပြီးရင်တော့ အိပ်ရမယ်နော်"

"ဟုတ် ကျဲ"

ဝမ်ချင် ဒီကောင်လေးကိုကြည့်လိုက်တိုင်း အားနင်သူ့နားမှာရှိနေသလိုပဲ သူ့ရဲ့တချို့အပြုအမူလေးတွေက အားနင်ကို သတိရစေတယ် တခါတလေ မင်းကို အားနင်လို့တောင်တွေးမိတဲ့အထိပဲ

                        ❤️ ❤️ ❤️

"ပါး ကျွန်တော်ဘယ်အချိန်ထိစောင့်ရမှာလဲဗျာ"

"ဘာကိုလဲ ရိပေါ်"

"Ge ကို ဘယ်တော့လိုက်တောင်းပေးမှာလဲ"

"ဝမ်ရိပေါ် မင်းဘယ်လိုဖြစ်နေတာလဲ ငါအားရင် လိုက်ပြောပေး........"

"ပါးက ဘယ်တော့မှ အားမှာလဲ ဗျာ ပါး ဟိုရွှေ့ ဒီရွှေ့ မလုပ်နဲ့နော် ပါး U.Sသွားခိုင်းတုန်းက ကျွန်တော် ချက်ချင်းသွားခဲ့တာပဲကို ပါး ပါး ပါး ကျွန်တော် ပြောနေတယ်လေ"

"အေးအေး မနက်ဖြန်လိုက်ပြောပေးမယ်ကွာ ငါ အခု အလုပ်ကောင်းကောင်းလုပ်ပါရစေ မင်းလဲ သွားအိပ်တော့ လာမရှုပ်နဲ့"

"ပါး တကယ်နော်"

"အင်း သွားတော့"

"ပါး တကယ်ပြောတာနော်"

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Onde histórias criam vida. Descubra agora