အပိုင်း(41)

989 77 0
                                    

Unicode

"Ge ဖိတ်စာက ဒီပုံစံလေး မဆိုးဘူး ဒီဟာလေးရော ဒီဟာလေးရောပဲ"

"Ge က ဒါလေးကြိုက်တာ"

"ဟုတ်လား ရပါတယ် ge ကြိုက်တဲ့ပုံစံရွေးလိုက်"

"အွန်း"

"Ge ပင်ပန်းနေပြီလား"

"မပင်ပန်းပါဘူး ရိပေါ်ရယ် ကိုယ့် မင်္ဂလာပွဲ အတွက် စီစဉ်ရတာပဲ"

"ကျွန်တော်တို့ အကုန်လုံးနီးပါးပြီးနေပြီနော် ဖိတ်စာဝေပြီးရင် ပြီးပြီ"

"အွန်း"

"Ge ကျွန်တော်မယုံနိုင်သေးဘူးသိလား"

"ဘာကိုလဲ"

"နောက်ထပ် တပတ် နေရင် ge ကို ကျွန်တော် တရားဝင် ပိုင်ဆိုင်ရတော့မှာ"

"အင်း"

ရှောင်းကျန့် အသက်မပါစွာဖြေလိုက်သည်။

"Ge geလို့"

"ဟင် ဟင်"

"ကျွန်တော်ခေါ်နေတာ ကြာနေပြီ ဘာတွေတွေးနေတာလဲ"

"ဘာမှမဟုတ်ပါဘူး ရိပေါ် ဘာပြောမလို့လဲ"

"ဒီည ကျွန်တော် ge အိမ်ပဲ လိုက်ခဲ့တော့မယ်လို့ ကျွန်တော်တို့ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရအောင်"

"အွန်း"

                        ❤️ ❤️ ❤️

"ကဲ ပြီးပြီ ပြန်ရအောင်"

"အွန်း ပြန်ရအောင်"

"မျှမ်မျှမ် နေမကောင်းဘူးလား ဘာဖြစ်နေတာလဲ"

"လူကနေကောင်းပေမဲ့ စိတ်က ဒဏ်ရာရနေတယ်ဟ"

"ဘာဖြစ်တာလဲ"

"ဟိုမှာကြည့်"

မျှမ်မျှမ်ပြ‌တဲ့နေရာကိုကြည့်လိုက်တော့

"အဲ့ဒါ မနက်က လက်ထောက်လေးမဟုတ်လား ဘာဖြစ်လို့လဲ"

"နင်မပြန်နဲ့ဦး ခဏစောင့်ကြည့်နေလိုက် နင်သိလိမ့်မယ် အဟင့် ဗြဲ"

"မငိုနဲ့လေ ဘာဖြစ်တာလဲ"

ခဏကြာတော့

"မောင် စောင့်နေရတာ ကြာသွားလား"

"မကြာသေးပါဘူး အားလီရယ် မောင်လဲ ခုမှပြီးတာ အားလီ သာတနေကုန်အလုပ်‌လုပ်နေရတာ ပင်ပန်းနေပြီလား"

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Donde viven las historias. Descúbrelo ahora