အပိုင်း(10)

1.4K 119 2
                                    

Unicode

ရှောင်းကျန့် လူကသာရုံးမှာ စိတ်ကတော့

"အစည်းအဝေးစ ရအောင် ကျွန်တော်တို့အခု project သစ်တခု စီစဉ်ထားပါတယ်
အဲ့ဒါကတော့........................................."

"မဆိုးဘူးနော် ရှောင်းကျန့် ဒီအတိုင်းဆို ငါတို့အောင်မြင်နိုင်တယ်"

ယွီပင်းပြောနေတာလဲ မကြားနိုင်

"အဖွဲ့မှူး ကျွန်တော် လုပ်ထားတာအဆင်ပြေရဲ့လား"

ချစ်လို့

"အဖွဲ့မှူး အဖွဲမှူး"

Ge ကိုချစ်လို့လို့

ရိပေါ်စကားတွေသာနားထဲကြားယောင်နေသည်။

"ရှောင်းကျန့် ရှောင်းကျန့်"

"ဟင် အာ sorryပါ ကျွန်တော်နဲနဲအတွေးလွန်သွားလို့ အစည်းအဝေး စရအောင်လေ"

"ဟင် အဖွဲ့မှူး ခုပဲပြီးသွားပြီလေ"

"ဟင် ဟုတ်လား"

"ရှောင်းကျန့် မင်းမျက်နှာနီနေသလိုပဲ နေမကောင်းဘူးလား"

"ကောင်း ကောင်းပါတယ် ငါ ညက အိပ်တာနဲနဲနောက်ကျသွားလို့ အကုန်လုံးကိုကျွန်တော်ပြောစရာရှိပါတယ် နောက်ထပ်နှစ်ရက်လောက် ကျွန်တော်ခွင့်ယူပါမယ် ဒီဌာနက ကိစ္စတွေအကုန် ရှင်းချိန် ငါ အပ်ပါတယ်ကွာ projectကိစ္စလဲ မင်းကြည့်လုပ်လိုက် တခုခုဆိုငါဆီလာခဲ့လိုက်ကွာ နော်"

"ဒါနဲ့ အဖွဲ့မှူး ဘယ်သွားမလို့လဲ"

"ရည်းစားနဲ့သွားချိန်းတွေ့မလို့တော့မဟုတ်ပါဘူးနော်"

"အဖွဲ့မှူးမှာ ရည်းစားရှိတယ်လို့ တခါမှမကြားဖူးပါဘူ"

"ဟျောင် ရှောင်းကျန့် မင်းငါ့ကို ဘာလျိုထားလဲပြော"

"ဘာမှမလျိုပါဘူး ရှင်းချိန်ရာ ငါ ရိပေါ်ကိုဆေးရုံစောင့်ပေးမလို့ပါ"

"ငါသတင်းကြားတယ် ရိပေါ် သက်သာရဲ့လား"

"အင်း သက်သာပါတယ်"

"ဒါနဲ့ ဘာလို့ မင်းစောင့်ရမှာလဲ ဪ အနာဂတ် ယောင်္ကျားလောင်း ဆိုတော့လဲ..."

"ရှင်းချိန် မင်း......"

"ဘာလဲမဟုတ်လို့လား"

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Where stories live. Discover now