အပိုင်း(18)

1.1K 103 1
                                    

Unicode

ရိပေါ်ရှောင်းကျန့်ကို ကားparking ထိ ဆွဲခေါ်လာခဲ့သည်။

"ရိပေါ် လွှတ်ဦး ge နာနေပြီ"

ရိပေါ် လက်ကို လွှတ်ချလိုက်ပြီး ရှောင်းကျန့်ကိုကျောခိုင်းကာနေသည်။

"ရိပေါ် ကိုယ်လေ...."

"ကျွန်တော် နားလည်ပြီ"

"ဘာ ဘာကိုလဲ ရိပေါ်"

"Ge ကျွန်တော့်ကို ရှောင်နေတာ ကျွန်တော့်ကို မချစ်လို့မဟုတ်လား ကျွန်တော့်ကိုပေးစရာ အဖြေမရှိလို့"

"ကိုယ်လေ....."

"မပြောပါနဲ့တော့ ကျွန်တော်သိတယ် ge ကျွန်တော့်ကို မုန်းတောင်မုန်းနေတယ်မဟုတ်လား"

"မဟုတ်ဘူး ရိပေါ် ကိုယ်ပြောပြမယ် ကိုယ်မင်းကို....."

"ဘယ်ချစ်နိုင်မလဲ ge ကကျွန်တော့်လိုကောင်လေးတယောက်ကို ဘယ်ချစ်နိုင်ပါ့မလဲ ကျွန်တော် အား အား ge နာတယ် ဘာလို့ရိုက်တာလဲ ge ge"

ရိပေါ် ရှောင်းကျန့် လက်များကိုဖမ်းချုပ်လိုက်ပြီး geကိုကြည့်လိုက်တော့

"ဟင် ge ငိုနေတယ် ဘာလို့ငိုနေတာလဲ"

"ဝမ်ရိပေါ် လူဆိုးကောင် အရူးကောင် မင်းပြောချင်တာ‌ပဲပြောနေလိုက် ငါလာမတွေ့တာ ငါ့အမှားဆိုပေမဲ့ လာမတွေ့တာနဲ့ပဲ မင်းကိုမချစ်ဘူးတဲ့လား မင်းကို ငါပြောမိလား ငါ မင်းကို ချစ်တယ် အရမ်းချစ်တယ် မင်းလူလိုနားမလည်‌သေးတဲ့ အရွယ်ထဲက ငါမင်းကိုချစ်တာသိလား အရူးကောင်ရဲ့"

"Ge တကယ်လား တကယ်လားဟင် ကျွန်တော့ကိုချစ်တယ်ဆိုတာ"

"မင်းမယုံဘူးမှတ်လား ငါ့နားမလာနဲ့ သွား ငါ့အသားလာမထိနဲ့"

"Geရယ် ကျွန်တော် မယုံဘူးပြောလို့လား ကျွနိတော်ယုံပါတယ် geရယ် ပြီးတော့ ge ကို အရမ်းလဲချစ်တယ်"

ရိပေါ် ရှောင်းကျန့်ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

"ပျော်လိုက်တာ geရယ် ကျွန်တော် ဒီနေ့ကို မျှော်နေတာ သိလား"

"မသိဘူး"

"Ge မငိုပါနဲ့တော့နော် တကယ်တော့ ကျွန်တော် ခုနကပြောတာတွေက ပြောချင်လို့ပြောတာမဟုတ်ဘူး အဲ့လိုမှမပြောရင် geက ကျွန်တော့်ကို အဖြေပေးမှာမှမဟုတ်တာ"

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Wo Geschichten leben. Entdecke jetzt