Unicode
"Ge လာပါ သွားရအောင်"
"မသွားဘူး မသွားတော့ဘူးလို့ ဒီနေ့ပင်ပန်းနေပြီ နောက်မှသွားရအောင်"
"Geရာ ဒီတနေရာပဲ ဒါပြီးရင် ပြီးပြီ"
"မင်္ဂလာဝတ်စုံက နောက်နေ့မှသွားကြည့်လဲရပါတယ် အချိန်တွေရှိပါသေးတယ်"
"Ge ကျွန်တော်အကုန်ပြင်ဆင်ပြီးသား geက ဝတ်ကြည့်ရုံပဲ ဒါမှ ဝတ်ရတာအဆင်ပြေလားမပြေလားသိရမှာပေါ့"
"အင်းပါ အင်းပါ သွားမယ်"
ရှီးချန် အတင်းခေါ်နေတာကြောင့် ရှောင်းကျန့် မလိုက်ချင်လိုက်ချင်နဲ့ လိုက်ခဲ့ရသည်။
"ရောက်ပြီ ge ကလဲ မျက်နှာကြီးဆူပုတ်မနေပါနဲ့ နော် လာ"
ရှောင်းကျန့်တို့ ဆိုင်ထဲဝင်လာတော့ ဆိုင်ထဲက ဝန်ထမ်းအားလုံးက အရိုအသေပေးကာ
"သခင်လေး ရောက်လာပြီလား"
"ဝတ်စုံအဆင်သင့်ဖြစ်ပြီလား"
"ဖြစ်ပါပြီ သခင်လေး"
"Ge ဝတ်ကြည့်လိုက်နော်"
ရှောင်းကျန့် အဝတ်လဲခန်းထဲဝင်သွားသည်။ခဏနေတော့ အဖြူရောင်ဝတ်စုံလေးနဲ့လိုက်ဖက်နေတဲ့ သူ့ရဲ့သတို့သားလောင်းလေးကို ရှီးချန် စိုက်ကြည်နေမိသည်။
"ရိပေါ် ရိပေါ် ဘာလို့အဲ့လောက်တောင်ကြည့်နေတာလဲ"
"Ge geနဲ့အရမ်းလိုက်တယ် ကျွန်တော် သတို့သားလေးက ချစ်စရာကောင်းလိုက်တာ"
"သခင်လေး ဝတ်ရတာအဆင်ပြေရဲ့လား"
"အွန်း အကုန်အဆင်ပြေပါတယ်"
"ဒါဆို ရပြီ ge အဝတ်လဲလိုက်တော့ ပြီးရင် တခုခုသွားစားရအောင်"
"ရိပေါ်ကရော မဝတ်ကြည့်ဘူးလား"
"ဟင့်အင်း ကျွန်တော်က ဝတ်ကြည့်ပြီးပြီ"
"ရိပေါ် ဒီနေ့တနေကုန် ပြင်ဆင်နေရတာ ge ပင်ပန်းနေပြီ ge အိမ်ပဲပြန်ချင်တယ်"
"အွန်းပါ ဒါဆိုလဲ ပြန်ကြမယ်လေ"
"အွန်း"
ရှီးချန် ရှောင်းကျန့်ကို အိမ်ပြန်ပို့ပေးလိုက်ပြီး အိမ်ကိုပြန်လာခဲ့လိုက်သည်။
CZYTASZ
Geရဲ့ကလေးလေး(Completed)(Zaw+Uni)