Unicode
"Morning မား"
"Morning သား အစောကြီးရုံသွားတော့မလို့လား"
"ရိပေါ် ဒီနေ့ကျောင်းတက်တော့မယ်တဲ့လေ သားလိုက်ပို့ပေးမလို့"
"ဪ ဒါဆို သား သွားတော့လေ"
"နေပါဦး မားရဲ့ breakfastလေးစားဦးမယ်လေ"
"မစားနဲ့တော့ သွား ကျောင်းပို့ရင်း ရိပေါ်နဲ့တူတူတခုခုဝင်စားလိုက် ကလေးလဲ ဘယ်စားရဦးမလဲ သွား သွားတော့"
"မားကလဲ"
"သွားပါဆို ကလေး ကျောင်းနောက်ကျမယ်"
"ဟုတ်ကဲ့ပါ"
ရှောင်းကျန့် ရိပေါ်တို့ အိမ်ကို ထွက်လာခဲ့လိုက်သည်။
"အန်တီ"
"အားကျန့် လာပြီလား ရိပေါ် ကတော့ သိတဲ့အတိုင်း မနိုးသေးဘူး သား သွားနိုးလိုက်ပါလား"
"သားလား"
"ဘာလို့လဲဟင်"
"ဘာမှမဖြစ်ပါဘူး သွားနှိုးလိုက်ပါမယ်"
ရှောင်းကျန့် အခန်းထဲကိုဝင်လာတော့ ကုတင်ပေါ်မှာ ကားယားကြီးအိပ်နေတဲ့ ရိပေါ် စောင်တွေကလဲ ကုတင်အောက်ကျလို့
"ရိပေါ် ထတော့လေ ကျောင်းနောက်ကျမယ်"
ရှောင်းကျန့် ပြုတ်ကျနေတဲ့စောင်ကိုပြန်တင်ရင်းနှိုးလိုက်သည်။
"အင်း"
အင်းအဲနဲ့ပြန်အိပ်သွားတဲ့ကလေးလေး
"ရိပေါ် ရိပေါ် ထ ထလို့"
ဆံပင်တွေက ထိုးထိုးထောင်ထောင်နဲ့ မပွင့်သေးတဲ့မျက်လုံးကို လက်နဲ့ပွတ်ကာ မထချင် ထချင်နဒ့ထလာသည်။
"မားကလဲ အစောကြီးရှိသေး......ဟင် ge"
ရိပေါ် အိမ်မက်မက်နေတာများလား ရိပေါ်ရှေ့မှာ ge ကပြုံးပြီးကြည့်ကာ အိပ်ယာထဖို့ လာနိုးနေတယ်တဲ့ အိမ်မက်လေးက လှလိုက်တာကွာ
ရိပေါ် စောင်ကိုပြန်ဆွဲရင်း အိပ်ယာပေါ် ပြန်လှဲဖို့လုပ်တော့
"ဝမ်ရိပေါ် မင်းမထဘူးလား"
"ဟင် နောက်တခါကြားပြန်ပြီ ဒါ အိမ်မက်ရောဟုတ်ရဲ့လား"
![](https://img.wattpad.com/cover/240823502-288-k970655.jpg)
VOCÊ ESTÁ LENDO
Geရဲ့ကလေးလေး(Completed)(Zaw+Uni)