အပိုင်း(8)

1.5K 128 2
                                    

Unicode

"Ge"

"........"

"Ge ဘာဖြစ်နေတာလဲ"

"ငါ ဘာမှမဖြစ်ပါဘူး ငါ့ကိုဂရုစိုက်မနေနဲ့ မင်းရဲ့ဟိုတယောက်ကိုပဲဂရုစိုက်"

"ဟင့်....."

ရှောင်းကျန့် ရိပေါ်ကို ကျောခိုင်းပြီးနေလိုက်သည် ရုတ်တရတ် ရိပေါ်ဆီက ရှိုက်သံလိုလိုကြားလိုက်တော့ ရှောင်းကျန့် လှည့်ကြည့်လိုက်သည် ဟင် ရိပေါ် ငိုနေတယ် ဟုတ်ပါတယ် သူ့ကိုကြည့်ပြီးငိုနေတဲ့ ကလေးလေး

"ရိပေါ် ဘာလို့ငိုနေတာလဲ"

"........."

"ရိပေါ် ဘာလို့ငိုနေတာလဲလို့"

"Ge"

"အင်း ပြောလေ"

"ကျွန်တော့်ကို ဘာလို့မင်းတွေ ငါတွေပြောနေတာလဲ"

စကားသံအဆုံး ကျွန်တော့်ရင်ခွင်ထဲကိုတိုးဝင်လာတဲ့ကလေးလေး

"Geက ကျွန်တော့်ကိုအဲ့လိုပြောတော့ ကျွန်တော်ငိုချင်တာပေါ့"

ဝမ်းနည်းတာကနဲနဲ ဖတ်ချင်တာကများများပါ

ဒီလိုချွဲနေတော့လဲ ခုနက စိတ်ဆိုးနေတာတွေ ဘယ်ရောက်မှန်းမသိ

"Sorryပါ ရိပေါ် ကိုယ်တောင်းပန်ပါတယ် နောက်တခါအဲ့လိုမပြောတော့ဘူးနော်"

ရှောင်းကျန့် သူ့ရင်ခွင်ထဲက ကောင်လေးရဲ့မျက်နှာလေးကို မော့စေလိုက်သည် အများကြီး ငိုထားတာ မဟုတ်ပေမဲ့ မျက်နှာလေးက နီရဲသည်။မျက်လုံးထဲမှာလဲ ခုထိ မျက်ရည်လေးတွေဝဲနေတုန်း တကယ့် ကလေးလေးပါဗျာ

ကလေးရဲ့မျက်နှာလေးကိုကြည့်ရင်း အကြည့်က ပန်းရောင်သန်းနေတဲ့နှုတ်ခမ်းလေးကိုအရောက် ရှောင်းကျန့် ရင်ခုန်သံတွေဝုန်းဒိုင်းကြဲသွားသည် ဒါကိုရင်ခွင်ထဲက ကောင်လေး သိနေမလား ကြည့်နေရင်း ပူလာသလိုလို ရေဆာလာသလိုလို နှုတ်ခမ်းကိုလျှာနဲ့သပ်မိတာ ဘယ်နှကြိမ်မှန်း မသိတော့ နှလုံးသားရဲ့အလိုဆန္ဒအရ သာဆိုရင်.... ဟာ ရှောင်းကျန့် ဘာတွေစဉ်းစားနေတာလဲ

ရှောင်းကျန့်အတွေးပင်လယ်ဝေနေတုန်း

"Ge ကြည့်လို့ဝပြီလား"

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Tempat cerita menjadi hidup. Temukan sekarang