အပိုင်း(39)

935 71 1
                                    

Unicode

"မင်္ဂလာရက်က သားဒီလထဲပဲ ရွေးထားတယ်"

"သား ဘယ်တုန်းက......."

"ဒီလ 22ရက်နေ့က နေ့‌ကောင်းရက်သာ ကျတယ်တဲ့ အဲ့နေ့ ကျွန်တော်ရွေးထားတာ ကြားထဲမှာ 3ပတ်‌တောင်ကျန်သေးတာပဲ ပြင်ဆင်ချိန်ရပါတယ်"

"3ပတ် ရိပေါ် အရမ်း မမြန်နေဘူးလား"

"ကျွန်တော် စိတ်တိုင်းကျလုပ်ပေးမယ်ဆို တကယ်ဆို ကျွန်တော်က ပြန်လာတည်းက စီစဉ်ချင်တာ ဘာပဲဖြစ်ဖြစ် ကျွန်တော် အဲ့နေ့ လက်ထပ်ချင်တယ်"

"ကဲ အဲ့ဒါဆိုလဲ ပါးတို့မပြောတော့ပါဘူး ဒါပေမဲ့ အားကျန့် သဘောကိုတော့ မေးကြည့်ရမယ်လေ"

"ကျွန်တော် သဘောတူပါတယ်"

"တကယ်လား ge"

"ကျွန်တော်လဲ ဒီပွဲကို အမြန်ဖြစ်စေချင်ပါတယ်"

"ဒါဆိုလဲ စီစဉ်စရာရှိတာ‌တွေစီစဉ်ကြတာပေါ့"

ရှောင်းကျန့်ပြောပြီး အခန်းထဲကိုဝင်သွားတာကို ရှီးချန်မြင်လိုက်ပြီး

"ပါး ခဏနော် ကျွန်တော် ge ဆီသွားလိုက်ဦးမယ်"

"Ge ကျွန်တော်ဝင်လာမယ်နော်"

ရှီးချန် အခန်းထဲဝင်လာတော့ ရှောင်းကျန့် ကုတင်ပေါ်မှာထိုင်နေသည်။ရှီးချန် ရှောင်းကျန့်ကို နောက်က သိုင်းဖက်လိုက်ပြီး

"ပျော်လိုက်တာ geရယ် ကျွန်တော် ge ကိုပိုင်ဆိုင်ရတော့မယ် geရော မ‌ပျော်ဘူးလားဟင်"

ရှောင်းကျန့် ဘာမှပြန်မပြောတာကြောင့် ရှီးချန် ရှောင်းကျန့် ခန္ဓာကိုယ်လေးကို ဆွဲလှည့်ကာ

"ပြောပါဦး geရဲ့ မပျော် ဟင် ge ဘာလို့ငိုနေတာလဲ"

ရှီးချန်‌ ရှောင်းကျန့်ကို ကြည့်လိုက်တော့ ရှောင်းကျန့် မျက်ရည်တွေသုတ်ကာ

"မငိုပါဘူး"

"မဟုတ်ပါဘူး ge ဘာလို့ငိုနေတာလဲ"

"ကိုယ် ကိုယ် ပျော်လို့ပါ"

"Geကလဲကွာ ကျွန်တော်လန့်သွားတာပဲ ပျော်တယ်ဆိုပြီး ဒီလောက်တောင်ငိုရလား မျက်လုံးတွေ နီကုန်ပြီ"

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Место, где живут истории. Откройте их для себя