အပိုင်း(31)

1K 80 7
                                    

Unicode

ဆေးရုံမှာ တပတ်လောက်နေပြီး ဆေးရုံက ဆင်းလာခဲ့တယ်။

"အားနင် ဒါကျဲတို့ အိမ်လေ"

သူအိမ်ထဲဝင်ကြည့်လိုက်ပေမဲ့ ဘာတခုမှမရင်းနှီးနေသလို ဘာမှလဲမမှတ်မိ

"ဒါက မင်းရဲ့အခန်း"

"ကျဲ ကျွန်တော် ဘာမှမမှတ်မိဘူး"

"ရပါတယ် အများကြီးတွေးမနေနဲ့ ခေါင်းကိုက်လာဦးမယ် တဖြည်းဖြည်းချင်းမှတ်မိလာပါလိမ့်မယ်"

"ကျဲ ကျွန်တော် ဘာလို့ ဒီလိုဒဏ်ရာတွေရတာလဲဟင်"

"အဲ့ဒါက မသိချင်ပါနဲ့ ဘာပဲဖြစ်ဖြစ် ခုချိန်က စပြီး အားနင် ဘာမှမဖြစ်စေရဘူး ကျဲ မင်းကို ကာကွယ်ပေးမယ် ခု နားလိုက်ဦးနော်"

"ဟုတ်ကဲ့ ကျဲ"

ဝမ်ချင် အခန်းထဲ ကထွက်လာပြီး ဧည့်ခန်းထဲက အားနင်ရဲ့ဓာတ်ပုံများကို အမြန်သိမ်းလိုက်သည်။

"မင်းဒုက္ခမရောက်စေရဘူး ဘာပဲဖြစ်ဖြစ် မင်းက ငါ့ရဲ့မောင်လေး အားနင်ပဲ"

                        ❤️ ❤️ ❤️

"သား ရိပေါ်  ထမင်းစားရအောင်လေ"

"............"

"သား ရိပေါ် သားကိုခေါ်နေတယ်လေ ဘာတွေတွေးနေတာလဲ"

"ဗျာ ဟို ဘာမှမတွေးပါဘူး"

"လာလေ ထမင်းစားရအောင်"

"ဟုတ် မား"

"သား အားယောင် ထည့်စားနော်"

"ဟုတ်ကဲ့ အန်တီ"

"သား ဒါနဲ့ ရှီးချန်က ဘာလို့ပြန်မလိုက်လာတာလဲ"

"‌ဗျာ ဟို အလုပ်တွေမပျက်သေးလို့ပါ"

"ရှီးချန်က အလုပ်ပဲလုပ်နေတယ် မင်းနဲ့တော့ကွာပါ့"

"ရိပေါ်ကလဲ ကြိုးစားပါတယ် ပါးရဲ့ ဒီနှစ်အတွင်း ရုံးခွဲတိုးတက်လာတာ ရိပေါ် ကြိုးစားမှုတွေပဲလေ ဟုတ်တယ်နော် ရိပေါ်"

"သား ပြန်ရောက်ပြီဆိုတော့ ပါးcompany မှာ ဘယ်တော့လုပ်မှာလဲ"

"ရှင်ကလဲ သားက ခုမှရောက်တယ် ခိုင်းမယ်ဆိုတာကြီးပဲ"

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Where stories live. Discover now