အပိုင်း(48)

1.1K 78 1
                                    

Unicode

အခန်းထဲရောက်တော့ ရှောင်းကျန့်ကို ကုတင်ပေါ် ချပေးလိုက်ပြီး

"Ge အိပ်ချင်အိပ်လိုက်ဦး‌လေ ကျွန်တော်ရေချိုးလိုက်ဦးမယ် ပြီးမှတခုခုသွားစားကြမယ်"

"အွန်း"

ခုနတည်းက အိပ်ချင်နေတဲ့geက ‌ပြောပြီး ချက်ချင်းအိပ်‌ပျော်သွားသည်။

ရိပေါ်ရေချိုးပြီးထွက်လာတဲ့အထိ ရှောင်းကျန့်က အိပ်နေတုန်း

"Ge ထတော့လေ မနက်ထဲက ဘာမှမစားရသေးဘူးမဟုတ်လား တခုခုသွားစားမယ်လေ"

"မထချင်သေးဘူး"

"အွန်း ပြီးရော"

ရိပေါ် ဆက်မနှိုးတာမို့ ရှောင်းကျန့်ဆက်အိပ်နေလိုက်သည်။ပြီးတော့ ရိပေါ်က ရှောင်းကျန့်ကိုနောက်ကသိုင်းဖက်ကာ ဝင်အိပ်လိုက်သည်။

အင်းလေ ရိပေါ်လဲ တမနက်လုံး ပင်ပန်းလာတာ သူလဲအိပ်ချင်မှာပေါ့

အိပ်နေရင်း ခဏနေတော့ ရိပေါ်ရဲ့လက်တွေက အငြိမ်မနေ

"ရိပေါ် ငြိမ်ငြိမ်နေကွာ"

"Geမထဘူးလား"

"မထဘူး"

ရှောင်းကျန့် ဆက်အိပ်နေလိုက်သည်။ခဏနေတော့ ရိပေါ်က သူ့ကိုတင်းကျပ်စွာဖက်ပြီး သူ့ရဲ့ဂုတ်သားတွေကို နမ်းရှိုက်လာပြီး လက်တွေကလဲ အင်္ကျီစကို ဆွဲထုတ်နေသည်။

ဟင် သူဘာလုပ်နေတာလဲ

"ရိပေါ်"

"ဘာလို့လဲ မထဘူးဆို အိပ်ရအောင်လေ"

"ဟင့်အင်း မအိပ်ချင်တော့ဘူး"

"Ge အိပ်ချင်ပါတယ် မဟုတ်ဘူးလား"

"ဟင့်အင်း မအိပ်တော့ဘူး"

"ဒါဆိုလဲထ တခုခုသွားစားရအောင်"

"မထချင်ဘူး မဟုတ်ဘူး အပြင်မှာသွားမစားချင်ဘူး အခန်းထဲမှာပဲ စားမယ်"

"ဒါဆို ကျွန်တော် သွားမှာပေးမယ်နော်"

"အွန်း"

ရိပေါ်ပြောနေရင်း ရှေ့တိုးလာတာမို့

"သွား သွားလေရိ‌ပေါ်"

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Donde viven las historias. Descúbrelo ahora