Unicode
ရှောင်းကျန့် ကားပေါ်ကဆင်းကာ ရိပေါ် ခေါ်တဲ့နောက်ကို လိုက်ခဲ့သည်။ရိပေါ်ဝင်သွားတဲ့နေရာက ဆေးရုံတခု တနည်းအားဖြင့် စိတ်ကျန်းမာရေးဆေးရုံ ဒီမှာ ရိပေါ်က ဘယ်သူ့ကိုလာတွေ့တာလဲ
"ရိပေါ်"
"Ge လာလေ"
"ဒီကို ဘာလာလုပ်တာလဲဟင်"
"ရောက်ရင်သိရမှာပေါ့ geရယ်"
ရိပေါ် ရှောင်းကျန့်လက်ကိုဆွဲကာ အခန်းတခန်းရှေ့ခေါ်သွားသည်။အခန်းထဲမှာတော့
"မသောက်ဘူး လုံးဝမသောက်ဘူးနော် ကျန့်ကော ကျွန်တော့်ကို သူတို့ဘာတွေတိုက်နေကြလဲ မသိဘူး ပြောပေးပါဦး"
"ဒီအသံက......"
အခန်းထဲကိုကြည့်လိုက်တော့ လူနာတယောက်ကို ဆေးအတင်းတိုက်နေတဲ့ ဆေးရုံဝန်ထမ်းများ လူနာကလဲ အတင်းငြင်းနေတာာမို့ အခက်တွေ့နေပုံပဲ ဟင် လူနာက
"ရှီးချန်"
"ကျန့်ကော သူတို့ကျွန်တော့်ကို ဘာလို့ဒီခေါ်လာတာလဲ ကောနဲ့ကျွန်တော် မင်္ဂလာဆောင်ရမယ်လေ သူတို့က ဘာလို့ကျွန်တော်တို့ကို ချုပ်ထားရတာလဲ"
ရှောင်းကျန့် ရှီးချန် ပြောနေတဲ့နေရာကိုကြည့်လိုက်တော့ ဘယ်သူမှမရှိ
"ရှီးချန် ဘယ်သူ့ကိုပြောနေတာလဲ"
"ကျန့်ကော မကြောက်နဲ့နော် ဒါ ဒါ ဝမ်ရိပေါ် လက်ချက်ဖြစ်မယ် သူက ကျွန်တော်တို့ကို ခွဲချင်နေတာ မရဘူး ဝမ်ရိပေါ် မင်း ငါနဲ့ကောကို ခွဲလို့ရမှာမဟုတ်ဘူး"
ကုတင်ပေါ်က အရုပ်လေးတရုပ်ကို ဖက်ပြီးပြောနေတဲ့ ရှီးချန်
"ရိပေါ် ရှီးချန်က......"
"ဟုတ်တယ်ge သူ့စိတ်တွေပုံမှန်မဟုတ်တော့ဘူး အဲ့ဒါကြောင့် ထောင်ထဲမှာမထားဘဲ ဒီမှာလာထားရတာ"
"သူဒီလိုဖြစ်တာ ge geကြောင့်လား"
"မဟုတ်ပါဘူး geရယ် geကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့"
ရှောင်းကျန့် ရှီးချန်ကို ကြည့်ပြီး မျက်ရည်မထိန်းနိုင်
YOU ARE READING
Geရဲ့ကလေးလေး(Completed)(Zaw+Uni)