Extra

1.7K 89 1
                                    

Unicode

6နှစ်ခန့်ကြာသော်

မျက်နှာပေါ် ကျရောက်လာတဲ့အလင်းရောင်ကြောင့် ရိပေါ် အိပ်နေရာမှာနိုးလာခဲ့သည် ရင်ခွင်ထဲကိုကြည့်လိုက်တော့ သူ့ကိုတင်းကျပ်စွာဖက်ကာ ရင်ခွင်ထဲသို့တိုးဝင် အိပ်နေတဲ့ကလေးငယ် ဒီကလေးငယ်ကြောင့်ပဲ ရိပေါ်တို့မိသားစုဘဝပိုပြည့်စုံသွားသည်ဆိုလဲမမှား

ထိုကလေးငယ်က တခြားတော့မဟုတ် ဝမ်ရိပေါ်နဲ့ ရှောင်ရှောင်းကျန့်ရဲ့သား ဝမ်ယွမ့်

ရိပေါ်တို့ အိမ်ထောင်သက်တမ်းတနှစ်ပြည့်ခါနီးလောက်မှာ မုန့်ယောင်က သားလေးကိုမွေးခဲ့တယ် မွေးပြီးပြီးချင်းမှာပဲ သားလေးကိုသူတို့လက်ထဲအပ်ခဲ့တယ် မုန့်ယောင်ကတော့ ဆေးရုံကဆင်းတာနဲ့ ထောင်ထဲမှာ သူ့အပြစ်တွေအတွက် အပြစ်ကြွေးပေးဆပ်ခဲ့ရတယ်

သားသားဟာ ကျွန်တော်တို့လက်ထဲမှာပဲ ကြီးပြင်းလာပြီး ခုဆို မူကြိုစတက်နေတဲ့ 5နှစ်ကလေးအရွယ်တောင်ရောက်နေပြီ သားသားက ကျွန်တော်တို့သားအရင်းမဟုတ်ပေမဲ့ သားအရင်းလို ချစ်ရတဲ့ကလေးပါ အစ်ကို မုန့်ယောင် သားသားကို ကျွန်တော်တို့ သားအရင်းတယောက်လို့ ချစ်ပြီးစောင့်ရှောက်ပေးမှာပါ အစ်ကကို သားသားအတွက် ဘာမှစိတ်မပူပါနဲ့

ဒီနေ့က တနင်္ဂနွေနေ့ သူလဲအလုပ်ပိတ်သလို သားသားလဲကျောင်းပိတ်သည် အရင်တနင်္ဂနွေတွေမှာ အလုပ်ရှိရင်ရှိသလို ရုံးသွားနေရပေမဲ့ ဒီနေ့တော့ အလုပ်ရှိလဲ သူအားလုံးကို ပစ်ထားလိုက်သည် ဒီနေ့က သူနဲ့geရဲ့ အရေးပါတဲ့နေ့တနေ့ နာရီကိုကြည့်လိုက်တော့ 9နာရီ‌ ခဏနေရင် သူတို့သားအဖကို geနှိုးတော့မယ် geရဲ့သာယာတဲ့အသံလေးနဲ့ ဒီနေ့မနက်ကို စတင်ဖို့ ရင်ခွင်ထဲက ကလေးငယ်ကို ပြန်ထွေးပွေ့ရင်း ခဏမှေးနေလိုက်တယ်

မကြာပါ

"ဝမ်ရိပေါ် ဝမ်ယွမ့် မင်းတို့သားအဖနှစ်ယောက် ခုထိမထသေးဘူးလား ဘယ်တုန်းကဒီအချိန်ထိအိပ်ဖူးလို့လဲ ဝမ်ရိပေါ် ရုံးမသွားတဲ့ရက်လေးနည်းနည်းပါးပါး ဝိုင်းကူမယ် မရှိဘူး မထဘူးလား"

Kitchenထဲမှ geအသံလေးက သာသာယာယာထွက်လာပါတယ် ဒါကတော့ မနက် အိပ်ယာထနောက်ကျတိုင်းကြားနေရတဲ့အသံလေးပါ ဒီလိုအပြောခံရလို့ နောက်နေ့စောစော ထမယ်ထင်လား Noပါ geရဲ့ အသံလေးကြားမှ ကျွန်တော်က နိုးတာလေ

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Donde viven las historias. Descúbrelo ahora