အပိုင်း(9)

1.5K 126 1
                                        

Unicode

ကျွန်တော် ညက ဘယ်အချိန်အိပ်ပျော်သွားလဲ မသိလိုက် ညက ရင်ခုန်လွန်းလို့တော်ရုံနဲ့အိပ်လို့မရဘူးလေ ကျွန်တော်နိုးတော့နေတောင်အတော်မြင့်နေပြီ

"Ge"

အခန်းထဲမှာgeရဲ့အရိပ်အယောင်တောင်မတွေ့ရ မနေ့ညတည်းက ပြန်မလာတာလား ကျွန်တော့်ကိုစိတ်ဆိုးပြီးထွက်သွားတာလား

"ကျွီ"

ရိပေါ်တံခါးသံကြားလို့လှမ်းကြည့်လိုက်တော့

"ရိပေါ် နိူးနေပြီလား"

"Ge"

"ပြောလေ"

"ဟူးတော်ပါသေးရဲ့"

"ဘာလိုလဲ ရိပေါ်"

"Ge ဘယ်သွားနေတာလဲ ကျွန်တော်စိတ်ပူနေတာ"

"ဟို geကပန်းသီးသွားဝယ်တာလေ ရိပေါ်ပန်းသီးကြိုက်တယ်မဟုတ်လား"

"ကျွန်တော့်ကို ဘာလို့မပြောသွားတာလဲ"

"ရိပေါ် အိပ်နေတာကို"

"ဘာပဲဖြစ်ဖြစ် ပြောသွားသင့်တယ်"

"ဟောဗျာ မနက်နေဖင်ထိုးတဲ့ထိ အိပ်နေတာ ဘယ်သူလဲ စေတနာနဲ့မနိုးတာကို"

"အဲ့ဒါ geကြောင့်လေ ညကgeကိုစောင့်နေရင်း အိပ်တာနောက်ကျသွားတာ geက ရှက်ပြီး ဘယ်တွေလျှောက်သွားနေလဲမှမသိတာ"

"ဝမ်ရိပေါ် ငါ ငါက ဘာလို့ရှက်ရမှာလဲ"

"ဒါဆို မျက်နှာကြီးဘာလို့နီနေတာလဲ"

"ပူ ပူလို့"

"ဟုတ်လို့လား"

"ရိပေါ် မနောက်နဲ့တော့"

"အွန်းပါ နောက်တခါသွားရင် ပြောသွား ကျွန်တော်တကယ်စိတ်ပူနေတာ"

"ဟုတ်ကဲ့ပါ နောက်တခါသွားရင်ပြောသွားပါမယ်"

"ဒါနဲ့ပန်းသီး ဘယ်မှာလဲ ကျွန်တော်ဖို့မဟုတ်လား ကျွေးလေ"

ရှောင်းကျန့် ပန်းသီးကိုအခွံနွှာ စိပ်ပြီး ပန်းကန်နဲ့ချပေးလိုက်သည်။

"ရော့ စား"

"အား"

"ရိပေါ် ဘာဖြစ်တာလဲ"

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Tempat cerita menjadi hidup. Temukan sekarang