အပိုင်း(22)

1.1K 101 1
                                        

Unicode

နောက်တပတ်နေရင် U.Sသွားရမှာဆိုတဲ့အကြောင်းပြချက်နဲ့ ရှောင်းကျန့်မှာ ခွင့်တပတ်ယူလိုက်ရတဲ့အပြင် မဆီမဆိုင် ရှောင်ပါးက ပါ အလုပ်မသွားရ

U.S မသွားခင် မိသားစုစုံစုံလင်လင်လေးနဲ့ နေချင်ပါတယ်ဆို‌တဲ့ အမောင် ရိပေါ်ကြောင့်သာ ပြီးတော့လဲ ရှောင်းကျန့်ကို ခေါ်ပြီး အခန်းတံခါးပိတ် နှစ်ယောက်တည်းနေနေတာ U.Sသွားမှာက နောက် ခုတော့ company က ‌ဒေဝါလီခံရတော့မယ်

"ရိပေါ် လွှတ်ပါဦး"

"မလွှတ်ဘူး ဒီတပတ်လုံး ge နားက တစက္ကန့်တောင် ခွာမှာမဟုတ်ဘူး"

ရိပေါ် ရှောင်းကျန့်ရင်ခွင်ထဲမှာ ကလေးတယောက်လို တွယ်ကပ်နေသည်။

"သားတို့ရေ ထမင်းစားရအောင်လေ"

"ဟုတ်ကဲ့ မား သားတို့ လာခဲ့မယ်"

"ရိပေါ် မား ခေါ်နေပြီ သွားရအောင်"

"ဟင့်အင်း မစားဘူး မသွားဘူး ge နားမှာပဲနေမှာ"

"ကဲ ရိပေါ် ခုလဲgeနဲ့တူတူပဲသွားမှာလေ"

"ချီသွား"

ပြောမရတဲ့အဆုံး ရှောင်းကျန့်လဲ ရိပေါ်ကို ရင်ခွင်ထဲထည့် ကလေးအမေတယောက်လို ချီပြီးဆင်းလာခဲ့ရသည် ရိပေါ် ခြေထောက်များက ရှောင်းကျန့်ခါးကို ခွလျက်

"သားတို့ဆင်းလာ......."

သားနဲ့သမက် ဆင်းလာပုံကို ကြည့်ပြီး ရှောင်ပါး သွေးတက်ချင်သွားသည် နှစ်ယောက်သား မိုးမမြင်လေမမြင် ဒီမှာ အဖေတယောက်လုံးထိုင်နေတာကို မြင်ကြရဲ့လား

"ရိပေါ် ထိုင်"

"ဟင့်အင်း ge ပေါ်မှာပဲထိုင်မှာ"

"ရိပေါ်"

"Ge ကအရမ်းစကားများတာပဲ"

ရိပေါ်ပြောပြီး ရှောင်းကျန့် နှုတ်ခမ်းလေးကို ထိကပ်လိုက်သည်။

"ရိပေါ် ဟို ပါး"

ရှောင်းကျန့်ပြောတော့မှာ

"အာ ပါးနဲ့မား ရှိနေတာပဲ ဟီးဟီး"

ပြောပြီး ရှောင်းကျန့်ပေါင်ပေါ်က ဆင်းသွားပြီးခုံမှာသွားထိုင်သည် ရှောင်းကျန့် မျက်နှာကတော့ ပန်းရောင်သန်းလျက်

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Onde histórias criam vida. Descubra agora