Unicode
ဆေးရုံရောက်ထဲက ခွဲခန်းထဲဝင်သွားတာ ခု သုံးနာရီတောင်ကျော်နေပြီ ဘာမှမဖြစ်ပါစေနဲ့ ခွဲစိတ်မှုအဆင်ပြေပါစေ
ခုချိန်မှာ ဝမ်ချင် ခွဲခန်းရှေ့ထိုင်ကာ ဆုတောင်းနေရုံသာ တက်နိုင်တော့သည်။
ခဏကြာတော့ ခွဲခန်းတခါးပွင့်လာသည်။
"Dr Drလူနာ အခြေအနေက........"
"ခွဲစိတ်မှုအောင်မြင်ပါတယ် ဒါပေမဲ့ ခေါင်းကို ပြင်းပြင်းထန်ထန် ထိမိထားတာဆိုတော့သူ့အခြေအနေကို စောင့်ကြည့်ရဦးမယ်"
"ကျေးဇူးတင်ပါတယ် Dr"
ဝမ်ချင် ခုမှသက်ပြင်းချနိုင်သည်။
ဆေးရုံခန်းရဲ့ ကုတင်ပေါ်မှာ ငြိမ်သက်စွာ လှဲလျောင်းနေတဲ့ သူကို ကြည့်ပြီး ဝမ်ချင်စိတ်မကောင်း
"Dr သူ ဘယ်အချိန်မှ သတိရလာမှာလဲဟင်"
"မပြောတက်သေးဘူး ဝမ်ချင် မနက်ဖြန်လဲဖြစ်နိုင်တယ် နောက်တပတ်မှလဲဖြစ်နိုင်သလို နောက်နှစ်မှလဲဖြစ်နိုင်တယ်"
"သတိရလာမှဖြစ်မယ် မြန်မြန် သတိရလာပါတော့"
❤️ ❤️ ❤️
ရှန်ဟိုင်းလေဆိပ်
"Ge ကျွန်တော်ပြန်လာပြီ geဆီကို"
ရိပေါ် သူပြန်လာတာကို ge ကိုကြိုမပြောဘဲ ပြန်လာခဲ့ခြင်း နောက်ဆုံးတော့ သူ ge ဆီ ပြန်လာနိုင်ခဲ့ပြီလေ
"ရိပေါ် သွားရအောင်လေ"
မုန့်ယောင် စကားသံကြားမှ သူသတိပြန်ဝင်လာကာ
"အင်း"
လေဆိပ်ကထွက်လာပြီး taxiငှားကာ ဝမ်အိမ်တော်ဆီသို့
"မား ရိပေါ်ဆီက ဘာသတင်းကြားသေးလဲဟင်"
"မကွားဘူး သား"
"တကယ်ဆို သူဒီနေ့ပြန်လာရမှာ အရင်ကဆို သားကို နေ့တိုင်းဖုန်းဆက်နေကြ ခု ဒီတပတ်လုံး သားကို လုံးဝ အဆက်အသွယ်မလုပ်ဘူး ဖုန်းဆက်လဲမကိုင်ဘူး အလုပ်များလို့ဆိုတဲ့ အကြောင်းပဲ စာပြန်ပို့တယ် မား ရိပေါ်က ကျွန်တော့်ကို မချစ်တော့ဘူးထင်ပါတယ်"
YOU ARE READING
Geရဲ့ကလေးလေး(Completed)(Zaw+Uni)