Unicode
ရိပေါ် ဘယ်လောက်ကြာအောင် အိပ်ပျော်သွားလဲ မသိ သူနိုးလာတော့ သူတို့အိမ်ထဲမှာ မဟုတ်တော့ဘဲ တခြား အိမ်တလုံးထဲကို ရောက်နေသည်။ရိပေါ် သူ့လက်မှာတုပ်နှောင်ထားတဲ့ကြိုးများမှ ကြိုးစားပြီးရုန်းသော်လဲ မရ
"ဒါ ဒါ ကဘယ်နေရာလဲ"
"ဒါက ခဏနေရင် မင်းဘဝရဲ့ နောက်ဆုံးရှိနေခဲ့တဲ့နေရာ ဖြစ်လာတော့မှာလေ"
"ခင်ဗျား ဘာတွေလုပ်ဖို့ ကြံစည်နေတာလဲ"
"မင်းသိချင် ပြောပြမယ်လေ ခုမင်းကိုသတ်မယ် ပြီးရင် ငါချစ်ရတဲ့သူရှိတဲ့ နေရာကို ငါသွားမယ် ဟိုရောက်ရင် သူနဲ့အမြန်ဆုံးလက်ထပ်မယ် သူ့ကို ငါ ထာဝရပိုင်ဆိုင်ရအောင်လုပ်မယ်"
"တောက် လန်ရှီးချန် ခင်ဗျား ........."
"ရိပေါ် ကိုယ်ဟိုရောက်ရင် မင်းကောင်းရာမွန်ရာရောက်ဖို့ ဆုတောင်းပေးမယ်လေ ဒီလောက်တော့ ကိုယ်လုပ်ပေးနိုင်ပါတယ်"
"ခင်ဗျား ခင်ဗျားရဲ့အကြံအစည်တွေ လုံးဝမအောင်မြင်စေရဘူး"
"ကိုယ်ကလဲ ကိုယ့်လမ်းကြောင်းမှာ လာပိတ်သမျှ အကုန်ရှင်းထုတ်ပစ်မှာ"
ရိပေါ် ရုန်းနေရင်း လက်မှာကြိုးများပြတ်သွားသည် ကိုသတိထားမိသွားသည်။ရိပေါ် ထမယ်အလုပ်
"အား အ အား"
ရိပေါ်ရဲ့ တကိုယ်လုံး ပေါ်သို့ အဆက်မပြတ် ကျရောက်လာတဲ့ ရိုက်ချက်များ
"ကိုကို တော်ပါတော့"
ရှီးချန် မုန့်ယောင် တားလိုက်တာကြောင့် ရပ်လိုက်ပြီး
"Bye bye ဝမ်ရိပေါ် မင်းအပေါ်တင်နေတဲ့အကြွေးတွေကို နောက်ဘဝကျ သေချာပေါက် ငါပြန်ဆပ်မှာပါ"
ရှီးချန် ရိပေါ်ရဲ့ခေါင်းပေါ်သို ရိုက်ချက်ပြင်းပြင်း တချက်ကို ကျရောက်စေပြီး
"သွားမယ်"
မုန့်ယောင် သူ့တပည့်တွေကို တအိမ်လုံးအနှံ့ ဓာတ်ဆီများဖြန်းခိုင်းလိုက်သည်။
"ပြီးပြီ ကိုကို"
"အင်း လုပ်လိုက်တော့"
![](https://img.wattpad.com/cover/240823502-288-k970655.jpg)
BẠN ĐANG ĐỌC
Geရဲ့ကလေးလေး(Completed)(Zaw+Uni)