အပိုင်း(33)

973 83 0
                                        

Unicode

နာရီနှိုးစက်ရဲ့အသံကြောင့် ရှောင်းကျန့် အိပ်နေရာမှနိုးလာခဲ့သည်။နာရီကိုကြည့်လိုက်တော့6နာရီ

"ဒီနေ့အလုပ်ပိတ်တာပဲ နဲနဲလောက်ထပ်အိပ်လိုက်ဦးမယ်"

ရှောင်းကျန့် alarm က်ုပိတ်ပြီး ပြန်အိပ်လိုက်သည်။

"အန်တီ"

"ရိပေါ် သား လာလေ"

"အန်တီ ge နိုးပြီလား"

"မနိုးသေးဘူး သားက အလုပ်ပိတ်ရက်တွေဆို စောစောမထဘူးလေ"

"ဒါဆို သား သွားနိုးလိုက်မယ်နော် အန်တီ"

"ရိပေါ်"

"ဗျာ"

"သားက နှစ်နှစ်လောက်ခွဲသွားရတာ မားကိုစိမ်းသွားသလိုပဲ အရင်လို မားလို့ပဲခေါ်ပါ"

"ဗျာ ဪ ဟုတ် ဟုတ်ကဲ့မား"

ရှီးချန် ပြောပြီး ရှောင်းကျန့်ရှိရာ အခန်းထဲသို့ဝင်လာခဲ့သည်။ကုတင်ပေါ်မှာအိပ်နေတဲ့သူ့ရဲ့ယုန်ဖြူလေး အိပ်နေတာတောင် ဘာလို့ ဒီလိုချစ်စရာကောင်းနေရတာလဲကောရယ် ကျွန်တော် ကောကို ချစ်ရလွန်းလို့ ရူးတော့မယ်

ရှီးချန် ကုတင်ပေါ်မှာထိုင်လိုက်ပြီး သူ့ရဲ့ယုန်ဖြူလေးကိုနိုးလိုက်သည်။

"ကျန့်ကော အဲ ge ge ထတော့လေ"

"ဟင် အင်း အင်း"

အင်းအဲနဲ့ ပြန်အိပ်ပျော်သွားတဲ့ ရှောင်းကျန့်ကိုကြည့်ပြီး ရှီးချန်ပြုံးလိုက်သည်

"Ge ထတော့လို့"

"ရိပေါ်ရာ ge ညက အလုပ်တွေလုပ်တာ ညဉ့်နက်သွားလို့ ခဏအိပ်ဦးမယ်နော်"

"မရပါဘူး ထတော့ geရဲ့ မနက်ခင်းက စောစောထရတယ်"

"အွန်း အွန်း"

ရှောင်းကျန့် မထချင် ထချင်နဲ့ ငုတ်တုတ်ထထိုင်လိုက်သည်။အိပ်ရာထခါစမို့ ဆံပင်များက ရှုပ်ပွနေကာ အိပ်ချင်မူးတူးနဲ့ မျက်လူံးက မပွင့်

"Ge ကြည့်ပါဦး ဆံပင်တွေကလဲ ရှုပ်ပွနေတာပဲ ge က ကလေးလေးကျနေတာပဲ"

ရှောင်းကျန့် ရှီးချန်ခါးကို ဖက်ကာ ပုခုံးပေါ်မှီလိုက်ပြီး ပြန်အိပ်နေလိုက်သည်။

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Where stories live. Discover now