အပိုင်း(7)

1.5K 133 4
                                    

Unicode

"ငါ ပြန်ပြီ ဆက်နေလဲ ငါအေးအေးဆေးဆေးနေရမှာမဟုတ်ဘူး"

"ကိုကို ကျွန်တော်နဲ့တခွက်လောက်မသောက်ချင်ဘူးလား"

"မသောက်ဘူး"

ရှီးချန်ထွက်သွားမယ်လုပ်တော့ မုန့်ယောင်ရဲ့တပည့်များကတံခါးပေါက်မှာကာ‌လိုက်သည်။

"မင်း........."

"တခွက်ပါပဲ ကိုကိုရာ"

ပြောရမှာလဲ မဟုတ်တော့ ရှီးချန် ခုံမှာဝင်ထိုင်လိုက်သည်။

"ရော့"

ရှီးချန်ကို အရက်တခွက်ပေးပြီးမုန့်ယောင် အရက်အပြင်းစားတခွက်ကိုယူပြီးသောက်လိုက်သည်။

"အား"

"မင်း ကျစ် မင်းသောက်နိုင်တာလဲမဟုတ်ဘဲနဲ့"

ခဏအကြာမှာ

"ကိုကို"

"ကိုကိုလို့"

"ကိုကိုက နားလေးလိုက်တာ ဒီလောက်ကပ်ခေါ်တာတောင်မကြားဘူး"

"မင်းလာရစ်မ‌နေနဲ့ မင်းပြောတဲ့အတိုင်းတခွက်သောက်ပြီးပြီ ငါပြန်ပြီ"

"နေပါဦး ကိုကိုရဲ့ မေးစရာလေးရှိလို့"

"ကိုကို ကိုကို ဘာလို့ ကျွန်တော့်ကိုမချစ်တာလဲ ကျွန်တော်ကိုကို့နားမှာနေနေ့ညညရှိနေ‌တာတောင်လေ ဟိုတယောက်ကိုမေ့လိုက်ပါကိုကိုရာ သူက ကျွန်တော့်ထက်ဘာသာနေလို့လဲ"

"သူကမင်းထက်အရာအားလုံးသာတယ် သူနဲ့မင်းနဲ့နှိုင်းစရာအကြောင်းမရှိဘူး မုန့်ယောင် ငါ့စိတ်ကိုမင်းသိရဲ့သားနဲ့ တော်ပါတော့ ငါ့ကိုနှောက်ယှက်နေတာတွေ မင်းကိုငါမမုန်းမိခင် ရပ်တန်းကရပ်လိုက်ပါတော့"

"မုန်းမယ် ကျွန်တော်ရှေ့ဆက်တိုးရင် ကိုကိုက မုန်းမှာလား"

"ဟုတ်တယ်"

"ကိုကိုနှုတ်ခမ်းလေးက စည်းမရှိ ပြောချင်ရာပြောနေတာပဲ ကျွန်တော်အဲ့စကားကိုမကြိုက်မှန်းကိုကိုသိပါတယ်  ကျွန်တော်မကြိုက်တာပြောရင်အပြစ်ပေးခံရလိမ့်မယ်"

မုန့်ယောင်ထိုင်ရာမှထကာ ရှီးချန် နားတိုးလာပြီး သူတို့နှုတ်ခမ်းလေးနှစ်စုံကို တထပ်ထဲ ထိကပ်‌စေလိုက်သည်။ ကိုကို့အတွက်ရွံ့မုန်းစရာဆိုပေမဲ့ ဒါက ကျွန်တော့်ရဲ့ချိုမြိန်သော အပြစ်ပေးခြင်းပဲ ချိုတယ် ကိုကိုနှုတ်ခမ်းလေးက မလွှတ်ပေးချင်လောက်အောင်ဆွဲဆောင်မှုရှိတယ်

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Où les histoires vivent. Découvrez maintenant