အပိုင်း(35)

957 74 2
                                    

Unicode

"ဝမ်ချင် ရောက်ပြီလား"

"အွန်း"

"ငါတို့ဒုက္ခတွေမကြာခင်အဆုံးသတ်တော့မှာပါ"

"ဘာကိုပြောတာလဲ"

"ဆေးရုံကို ဆရာဝန်အသစ်တွေရောက်လာမယ်တဲ့ ခုလို ငါတို့ လူနာ လေးငါးယောက်ကို တာဝန်ယူမနေရတော့ဘူးပေါ့ဟာ"

"ကောင်းတာပေါ့"

"ဒါနဲ့လေ ရောက်လာမဲ့ဆရာဝန်တွေက ယောင်္ကျားလေးတွေ ချည်းပဲတဲ့ ဟီးဟီး အဆင်လေးတွေ လာလို့ကတော့....."

"စိတ်ကူးနဲ့ရူးမနေနဲ့ဦး ခုတော့ လူနာတွေကို သွားကြည့်ရမယ် လာ"

"အဆင်တွေဆို နင်နဲ့ ငါတယောက်တဝက်နော်"

"တော်ပါဟာ နင်ပဲအကုန်ယူလိုက်"

"နင်လဲ တသက်လုံး အပျိုကြီးလုပ်မလို့လား ရည်းစားလေးဘာလေးထားပါဦး"

"မထားချင်ပါဘူးဟာ ခုရောက်နေတာ ကိုယ့်နိုင်ငံမှမဟုတ်တာ တိုင်းတပါးသားကို မလိုချင်ပါဘူးဟာ"

"တကယ်လို့ ဆရာဝန်အသစ်လေးတွေထဲမှာ ကိုယ့်နိုင်ငံသားတွေပါနေရင်ရော"

"နင် ဘယ်လိုဖြစ်နေလဲ ငါ့မှာ ဂရုစိုက်ရမဲ့ ငါ့မောင်လေးရှိသေးတယ်"

"နင့်မောင်ကြောင့်ဆို နင့်မောင်ငါ့ပေးလိုက်လေ ယောင်းမ ရည်းစားရဖို့ အတွက် ကျွန်မအနစ်နာခံပေးလိုက်မယ်"

"ဆုတောင်းလေ ငါ့မောင်ကြောင့်မဟုတ်ပါဘူး ခုချိန်မှာ ဒါတွေမစဉ်းစားချင်သေးလို့ပါ ငါရွေးချယ်တဲ့သူက ငါ့ဘဝအတွက်ရော အားနင်ဘဝအတွက်ပါ လုံခြုံမှု ပေးနိုင်တဲ့သူဖြစ်ရမယ် အဲ့လိုလူမျိုးမှ ငါရွေးချယ်မှာ"

"အေးပါ အဲ့လိုလူမြန်မြန်တွေ့ပါစေလို့ ဆုတောင်းပေးပါတယ်"

"လာပါ ခုတော့ လုပ်စရာရှိတာလုပ်ရအောင်"

                      ❤️ ❤️ ❤️

"အားလုံး morningပါ"

"ဪ ဒီက အစ်ကို ဘယ်သူနဲ့တွေ့ချင်လို့လဲဗျ"

"ရှောင်ရှင်းချိန် မင်းဘာပြောတာလဲ"

"ဪ ရှောင်းကျန် ငါတို့ရဲ့အဖွဲ့မှူးပဲ မတွေ့တာကြာတော့မေ့သွားတာ"

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Donde viven las historias. Descúbrelo ahora