အပိုင်း(29)

989 83 0
                                    

Unicode

ဝမ်ချင် ကျူအာအကူအညီတောင်းထားတာမို့ မနက်ဆေးရုံမသွားခင် ကျင်းအိမ်တော်ကို ဝင်လာခဲ့လိုက်သည်။

"မင်္ဂလာပါ သခင်ကြီး ကျွန်မကို....."

"မိန်းကလေး ဝမ်ချင်ကို ကျူအာ လွှတ်လိုက်တာ မဟုတ်လား သူပြောထားပါတယ်"

"ဟုတ်ကဲ့ ဒါဆို ကျွန်မ စစ်ဆေးစရာရှိတာ စစ်ဆေးပါရစေ"

ဝမ်ချင် သခင်ကြီးအား စမ်းသပ်ပြီး ပြန်ထွက်လာစဉ်

"ကိုကို လာတယ် ကျွန်တော်က ကိုကို ကျွန်တော်ဆီမလာတော့ဘူး ထင်နေတာ"

ဟင် ကိုကို ကိုကို ဆိုပါလား သူက ကျင်းကွမ်းယောင်နဲ့ ဘယ်လို ပတ်သတ်တာလဲ

"ဒါဆို ညကျ အဲ့မှာတွေ့မယ်နော် ကိုကို"

"ငါက ဘာလို့လဲ ဒါက မင်းကိစ္စ"

"ကိုကိုကလဲ"

"ထားပါတော့ ငါလာရင်ပြီးရော မဟုတ်လား ငါ ပြနန်တော့မယ်"

"တာတာ ကိုကို"

ကိုကိုဆိုတဲ့သူ ထွက်သွားတော့ ဝမ်ချင် အိမ်ထဲက ထွက်လာခဲ့သည်။

"ကျင်းသခင်လေး"

"ဪ ဟိုတခါက ပါးကို လာကြည့်ပေးတဲ့သူ မဟုတ်လား"

"ဟုတ်ပါတယ် ကျွန်မနာမည် ဝမ်ချင်ပါ ဒါနဲ့ ခုနက လူက ဘယ်သူလဲဟင်"

"ကိုကို့ ကို မေးတာလား ကိုကိုက.... နေပါဦး ဘာလို့မေးတာလဲ ကိုကို့ ကိုသိလို့လား"

"မဟုတ်ပါဘူး ဒီတိုင်းသိချင်လို့ပါ စိတ်မရှိပါနဲ့"

"အာ ကိုကိုက ကျွန်တော့်ချစ်သူလေ နာမည်က လန်ရှီးချန်တဲ့"

"လန်ရှီးချန် ဪ ဟုတ်ကဲ့ သခင်လေးတို့က သိပ်လိုက်ဖက်တာပဲနော်"

"ဒီက ဝမ်ချင်နော်"

"ဟုတ်ပါတယ်"

"ကျွန်တော့်ထက် ကြီးမယ်ထင်တယ် ကျဲလို့ခေါ်မယ်နော်"

ကျဲ ကျဲဆိုတာ ငါ့ကို ငါ့ရဲ့မောင်လေး အားနင် ခေါ်တဲ့နာမ်စားပဲ နင်လို့လူ ခေါ်ဖို့ မဟုတ်ဘူး လို့ တွေးနေပေမဲ့

"ရပါတယ် သခင်လေး အဆင်ပြေသလိုခေါ်ပါ"

"ကျဲ ကတော်တော်ကြည့်တက်တာပဲ ဟီး ကျဲ တနေ့လောက် ကိုကိုနဲ့ထမင်းတူတူသွားစားကြတာပေါ့ အဲ့ကျရင် ဘယ်လောက်လိုက်ဖက်လဲ ကိုကို့ကို ပြောပြပေးနော် ဒီည အားလားဟင်"

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Où les histoires vivent. Découvrez maintenant