အပိုင်း(14)

1.2K 104 3
                                    

Unicode

"Ge သွားတော့မလို့လား"

"သွားတော့မယ်လေ ဒီမှာကိုယ်မှမလို‌တော့တာ"

"Ge ကလဲ စိတ်ကောက်နေတာလား"

"မကောက်ပါဘူး ဘာလို့ကောက်ရမှာလဲ"

"ဟုတ်လို့လား ge မနာလိုဖြစ်နေတာမဟုတ်ဘူးလား ဒါကတော့ ကိုယ့်ကံနဲ့ကိုယ်ပဲနော် ဟုတ်တယ်နော် မား"

"ဟုတ်ပါတယ်ရှင်"

"အမေနဲ့သားနဲ့နေခဲ့ကြပါ ကျွန်တော်သွားပြီ"

"သား ဪ သားသိလား ကျန့်ကျန့် ကတခါတလေ ကလေးလိုပဲ"

"ဟုတ်တယ်"

"သား ထိုင်ဦး မား အသီးသွားယူပေးမယ်"

"ဟုတ် မား"

ရိပေါ်ဧည့်ခန်းထဲမှာထိုင်နေတုန်း ဖုန်းဝင်လာသည်။

"ဟဲလို"

"ဝမ်ရိပေါ် နင်ဘယ်အချိန်မှ အိမ်ပြန်လာမှာလဲ ခြေထောက်သက်သာသေးတာမဟုတ်ဘဲ လျှောက်သွားနေတယ်"

"သား လျှောက်သွားနေတာ မဟုတ်ပါဘူး မားရယ် သားယောက်ခမ အိမ်ရောက်နေတာ"

"ဘယ်လို ဘယ်လို ယောက်ခမအိမ် ဝမ်ရိပေါ် နင် ဘယ်သွားမွှေနေပြန်ပြီလဲ"

"ဒါပဲ မားရာ ကျွန်တော် ခဏနေပြန်လာမယ်"

"ရိပေါ် ဟဲ့ ဒီကလေး ကတော့လေ"

မားဖုန်းကို ချပြီးတဆက်တည်း ဝင်လာတဲ့ဖုန်းနံပါတ်လေးတခု

"ရိပေါ်"

"ကော"

"ရိပေါ် ဆေးရုံကဆင်းပြီး သက်သာရဲ့လား ဘယ်မှလျှောက်မသွားနဲ့နော် အိမ်မှာပဲနေ"

"ဟီး"

"ရီတယ်ဆိုတော့ အပြင်ရောက်နေတာလား ဘာလို့အပြင်ထွက်နေတာလဲကွာ"

"အပြင်ထွက်တာ မဟုတ်ပါဘူး ကျွန်တော် ge အိမ်ရောက်နေတာ"

"ကျန့်ကော အိမ် ရိပေါ် ဘာလို့သွားတာလဲ"

"ဒီလိုပါပဲ အိမ်မှာပျင်းလို့"

"ရိပေါ် ပျင်းရင် ကိုယ့်ကိုဖုန်းခေါ်ပေါ့ ကိုယ်နဲ့စကားပြောမယ်လေ"

"ကော ကအလုပ်အားမှန်း မသိ မအားမှန်းမသိ"

"နောက်ဆို ကောကိုအချိန်မရွေးဖုန်းဆက် ရိပေါ်အတွက်ဆို ကော အားပြီးသားပဲ"

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Donde viven las historias. Descúbrelo ahora