အပိုင်း(15)

1.2K 105 1
                                    

Unicode

"သား ပြန်လာပြီလား"

"ဟုတ်မား"

"ရေချိုးပြီး ဆင်းလာခဲ့ မားထမင်းဝိုင်းပြင်ထားလိုက်မယ်"

"ဟုတ် မား"

ရှောင်းကျန့် ရေချိုးပြီးဆင်းလာသည်။

"သား ရိပေါ်လေးက finalရောက်နေပြီမဟုတ်လား"

"ဟုတ်တယ်လေ မား ဘာဖြစ်လို့လဲ"

"တချိန်မှာ ရိပေါ်က ဝမ်group ကို အုပ်ခိုပ်ရမဲ့သူမဟုတ်လား အဲ့တော့ companyအလုပ်တွေနဲ့ နဲနဲကျွမ်းဝင်အောင် သား မနက်ဖန် ရိပေါ်လေးကို company ခေါ်သွားပြီး နဲနဲပါးပါးလောက် သင်ပြပေးလိုက်ပါလား"

"ဟုတ်တယ် သား ရှီးချန် ရှိတယ်ဆိုပေမဲ့ ရိပေါ်က ပိုင်ရှင်အစစ်လေ သူဒါတွေသိထားသင့်တယ် ရိပေါ်က သားက နဲနဲပါးပါး သင်ပေးလိုက်ပေါ့ သားပြောရင် ရပါတယ်"

"ကောင်းပါ့မလား ပါး ဦးလေးဝမ် ကသဘောတူပါ့မလား"

"သား ဒါဆို မနက်ဖြန် ရိပေါ်လေးကို ဝင်ခေါ်ရင်းမေးကြည့်လိုက်ပေါ့"

"ဟုတ် မား"

မနက် 7နာရီ

"သား ပြင်ဆင်းလို့ပြီးပြီလား သား ရိပေါ်လေးကိုခေါ်ဖို့ မမေ့‌နဲ့နော်"

"ပြီးပါပြီ မားရယ် ခေါ်သွားပါမယ်နော် မားက ရိပေါ်ကိုတအားချစ်နေတာပဲ"

"ရိပေါ်လေးက ကလေးလေးလိုပဲ ချစ်စရာကောင်းတယ်လေ"

"ကလေးချစ်ရင် ပါးနဲ့မား နောက်တယောက်ထပ်မွေးလိုက်ပါလား"

"ဒီကလေးကတော့ သွားသွား နောက်ကျနေမယ်"

"ဟုတ်ကဲ့ပါ"

ဝမ်အိမ်တော်မှာတော့
ရှောင်မား ဂတိပေးထားတာကြောင့် ရိပေါ်လဲ ge‌နောက်လိုက်ရအရေး ဒို့အရေးအနေနဲ့ ဆန္ဒပြနေသည်။

"လုပ်ပါ ပါး သားလိုက်သွားချင်လို့ပါ နော် ပါးက အရင်က ကျcompany အတင်းခေါ်နေပြီး ခုသွားမှာကျမလွှတ်ဘူး"

"သား ပါးရဲ့company မှာ သားကြိုက်သလို ရှုပ် ကြိုက်သလိုမွှေလို့ရတယ် သူများcompanyတော့ သွားမမွှေပါနဲ့ သားရယ် ပါး မျက်နှာမပျက်ပါရစေနဲ့"

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Donde viven las historias. Descúbrelo ahora