အပိုင်း(28)

985 83 2
                                    

Unicode

ပြတင်းပေါက်က ထိုးဖောက်ဝင်လာတဲ့ မနက်ခင်းရဲ့နေရောင်ခြည်ကြောင့် ရှီးချန် အိပ်နေရာမှ လူးလွန့်လာသည်။မနေ့ညက သောက်ထားတဲ့ အရှိန်ကြောင့် ခေါင်းတအားကိုက်နေပြီး မျက်စိက ဖွင့်မရ ဒါပေမဲ့ သူ့ ညက အိမ်မက်လေးက အရမ်းကြည်နူးဖို့‌ကောင်းတယ် ညက သူ ချစ်ရတဲ့ သူကို ပိုင်ဆိုင်လိုက်ရတယ်တဲ့လေ

လက်တဖက်က နာကျင်မှုကြောင့် ရှီးချန် အားယူပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ဘေးနားမှာ အိပ်ပျော်နေတဲ့ မုန့်ယောင် ဒါဆို ည ညက

"တောက်"

ရှီးချန် မုန့်ယောင် ခေါင်းအောက်က လက်ကို ဆွဲထုတ်လိုက်တော့ မုန့်ယောင်နိုးလာသည်။

"ကိုကို"

"တောက် မုန့်ယောင် မင်း...."

"ဘာလဲ ကိုကို ကိုကိုက ပြန်ဒေါသထထွက်နေတာလား"

"မင်းအကြံ ဒါ အကုန်ပဲလား မင်အောက်တန်းကျလွန်းတယ် ဒီလိုပုံစံမျိုးနဲ့ မင်း ငါ့ကို ပိုင်ဆိုင်ရမှာ မဟုတ်ဘူး"

"ကိုကို"

မုန့်ယောင် အားကုန်အော််လိုက်သည်။

"ကိုကို မှားနေပြီ ဘာ ကျွန်တော်က အောက်တန်းကျတယ် ဟုတ်လား ဒီလိုမျိုးက အောက်တန်းကျတယ်ဆို အဲ့ဒီ အောက်တန်းကျတဲ့သူက ကိုကိုပဲ"

"ဘာ"

"ကိုကို ဘာမှမမှတ်မိတော့ဘူးလား ဒါက ကျွန်တော့်အမှား မဟုတ်ဘူးကိုကို အပြစ်တင်မ‌စောပါနဲ့ သေချာပြန်စဉ်းစားကြည့်ပါဦး ကိုကိုရဲ့ စိတ်ကူးအိမ်မက်ထဲ ပျွန်တော့်ကို ဆွဲခေါ်ခဲ့တာ ကိုကိုပါ ကိုပိုအချစ်က ကျွန်တော့်အတွက် မဟုတ်မှန်းသိပါတယ် ဒါပေမဲ့ ဒီလို လုပ်ရတဲ့အထိ ကျွန်တော် အောက်တန်းမကျဘူး"

ရှီးချန် ပြန်စဉ်းစားရင် ညက အဖြစ်အပျက်များက ခေါင်းထဲ အစီအရီ ပေါ်လာသည်။

"ငါ ငါ......."

"ပြောပါ ကိုကို ကျွန်တော် အောက်တန်းကျခဲ့တာလား"

"ငါ ငါ တောင်းပန်ပါတယ်"

"မလို......."

"ဒီကိစ္စကို ဒီမှာပဲ ထားခဲ့ရအောင်"

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Donde viven las historias. Descúbrelo ahora