အပိုင်း(23)

1K 87 2
                                        

Unicode

"ရိပေါ် ‌ge ထည့်တာစုံရဲ့လား ကြည့်ပါဦး"

ရှောင်းကျန့် ရိပေါ်အတွက် ခရီးဆောင်အိတ်ပြင်ပေးနေရင်း ရိပေါ်ကို လှမ်းမေးလိုက်သည်။

"မသိဘူး ge ထည့်ချင်တာထည့်"

‌ရှောင်းကျန့် ရိပေါ်ကို ကြည့်လိုက်တော့ မျက်နှာကြီးဆူပုတ်ကာ ထိုင်နေသည်။ရှောင်းကျန့် ရိပေါ် ရှေ့သွားလိုက်ပြီး

"ရိပေါ်"

"Ge ကျွန်တော်မသွားချင်ဘူးဗျာ နှစ်နှစ်ကြီးတောင် ကျွန်တော် ကျွန်တော်....."

ရိပေါ်‌ ပြောပြီး ရှောင်းကျန့် ရင်ခွင်ထဲကိုတိုးဝင်လိုက်သည်။

"ရိပေါ် ge ကိုချစ်တယ်မဟုတ်လား"

"ချစ်လို့ မခွဲနိုင်တာလေဗျာ"

"Geရဲ့ ကလေးလေးက လိမ္မာပါတယ် ge ကိုကြည့်"

ရိပေါ် ရှောင်းကျန့်ကို မော့ကြည့်လိုက်တော့

"ပါး ဆန္ဒကို ကိုယ်တို့ ငြင်းလို့မရဘူးဆိုတာ ရိပေါ် သိသားနဲ့ အချိန်ကို ခေါင်းထဲမထည့်ထားနဲ့ အချိန်ဆိုတာ တဖြည်းဖြည်း ကုန်ဆုံးသွားမှာပါ နော်"

"ဟုတ်"

ဒီတခါရှောင်းကျန့်ကပဲ အနမ်းတို့ကို ဦးဆောင်လိုက်သည်။

ကျွန်တော် မသွားချင်ဘူး ဒီနှစ်နှစ်အတွင်းသွားရမဲ့နေရာကို ကျွန်တော့်စိတ်ထဲ မတင်မကျဖြစ်နေတာကိုတော့ ge ကိုမပြောခဲ့ပါဘူး

"အဟမ်း အဟမ်း အလွမ်းသယ်နေတာ တော်တော့ကွာ"

"ကျန်းချန် မင်းက ဘယ်လို...."

"ရိပေါ် U.Sသွားမယ်ဆိုလို့ ငါလိုက်ပို့ပေးမလို့လေ ရိပေါ် စိတ်ချ မင်း မရှိတဲ့နှစ်နှစ်အတွင်း ငါဒီကောင်ကို စောင့်ရှောက်ပေးထားမယ်"

"အဝေးကပဲစောင့်ရှောက်နော် အနားမကပ်နဲ့ ge နားမှာ ကျွန်တော်ကလွဲပြီး ဘယ်သူမှရှိမနေစေချင်ဘူး"

"ငါက ကပ်ပါဆိုရင်တောင် မကပ်ဘူး စိတ်ချ သဝန်ကတိုနေသေးတယ်"

"တိုတယ်ဗျာ ဘာဖြစ်လဲ အဲ့ဒါ ချစ်လို့ နော် ge"

"ဟုတ်တယ်"

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Nơi câu chuyện tồn tại. Hãy khám phá bây giờ