Unicode
"ကိုကို"
"ဘာလဲ"
"ကိုကိုပေးထားတဲ့ဂတိကိုမမေ့ပါနဲ့နော်"
"မင်းသာ ငါ့အစီအစဉ်တွေမဖျက်ခဲ့ရင်ပေါ့"
"နောက်တပတ် ပြန်မှာက မြန်မနေဘူးလား"
"ငါ့အတွက်တော့ နောက်ကျနေခဲ့တာ တနှစ်တောင် အချိန်ယူပြီးပြီလေ အချိန်ထပ်မဖြုံးသင့်ဘူး"
"ကိုကို့ သဘောပါ ဒါဆို ဒီနေ့ ဆေးရုံသွားရမယ် ဆရာက မပြန်ခင်တခေါက်တော့ လာခဲ့လို့ပြောထားတယ်လေ"
"အင်း"
"ဒါဆို ညနေ ကျွန်တော်လာ ခေါ်မယ်"
မုန့်ယောင် ကိုကို့ အခန်းထဲက ထွက်လာလိုက်သည်။နောက်ဘာတွေဆက်ဖြစ်လာမှာလဲ ဘာပဲဖြစ်ဖြစ် ဘယ်သူ့မှမထိခိုက်ရင်ကောင်းမယ်
ရိပေါ်ကတော့ ပြန်ရတော့မို့ အပျော်လွန်ပြီး လက်မှတ်ပြေးဝယ်ပြီး ရှောင်းကျန့် ကိုဖုန်းဆက်လိုက်သည်။
"ဟဲလို ရိပေါ်"
"Ge ကျွန်တော်ပြန်လာတော့မယ်"
"ဘယ်လို တကယ်လား ရိပေါ်"
"ဟုတ်တယ် နောက်တပတ်ဆို ကောတို့ ပြန်ရောက်တော့မှာ ကောကို အလုပ်တွေ ပြန်အပ်ပြီး ပြန်လာတော့မယ်"
ရှောင်းကျန့် ပျော်လွန်းလို့ မျက်ရည်များပါကျလာသည်။နောက်ဆုံးတော့ သူတို့ပြန်ဆုံဖို့ နေ့ရက်လေးရောက်လာပြီပဲ
"ရိပေါ် တကယ်ပြောတာပါနော်"
"တကယ်ပါ ge တပတ်တောင် လိုသေးတယ်ဗျာ ကျွန်တော်က ခုပြန်လာချင်ပြီ"
"အချိန်အကြာကြီးစောင့်ခဲ့ပြီးပြီပဲ တပတ်လေလာက်ပဲ ထပ်စောင့်ရတော့မှာပါ"
"အရမ်းလွမ်းတယ် ge"
"ကိုယ်ရောပဲ"
"အရမ်းလဲချစ်တယ်"
"အွန်း"
"အဟမ်း ရှောင်းကျန့် meetingမှာ ဖုန်းမပြောရဘူးလေ"
"အာ ရိပေါ် ge meeting ရှိလို့နောက်မှပြန်ဆက်မယ်နော်"
"ဟာ နေပါဦး ပြန်ပြောဦးလေ"
![](https://img.wattpad.com/cover/240823502-288-k970655.jpg)
DU LIEST GERADE
Geရဲ့ကလေးလေး(Completed)(Zaw+Uni)