Unicode
"အစ်ကို လေယာဉ်က ဘယ်အချိန်လဲ"
"နာရီဝက်လောက်ပဲ လိုပါတော့တယ် ရိပေါ်"
ရိပေါ် လေဆိပ်မှာ ဟိုလျှောက်ဒီလျှောက်နဲ့ ဂနာမငြိမ်
"ရိပေါ် စိတ်အေးအေးထားပါ ကျဲတို့ ပြန်တော့မှာပဲလေ"
"Ge က ဘာလို့ဖုန်းမကိုင်ရတာလဲ ပါးကို ဆက်ကြည့်ရမယ်"
"မဆက်နဲ့ ရိပေါ်"
"ဘာလို့လဲ အစ်ကို"
"ကိုယ်မင်းကို ပြောစရာရှိတယ် ဟို မနက်ဖြန်ဆို ရှီးချန်နဲ့ ရှောင်းကျန့် မင်္ဂလာဆောင်တော့မှာ"
"ဘာ အစ်ကို ဘာပြောလိုက်တယ်"
"ဟုတ်တယ် ရိပေါ် ကိုယ် ခုနက မပြောတာ မင်းတခုခုဖြစ်သွားမှာဆိုးလို့ပါ ကိုယ်တို့ ခုပြန်ရင် မှီနိုင်ပါတယ်"
"ဟင့်အင်း အဲ့လိုမဖဖြစ်ရဘူး ကျွန်တော် လုံးဝအဲ့လိုဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး ပါး ပါးတို့ကို ဖုန်းဆက်ရမယ်"
"ကိုယ်လဲစဉ်းစားခဲ့ပါတယ် ဒါပေမဲ့ အဲ့လိုလုပ်လိုက်ရင် ရှောင်းကျန့်ကို ရှီးချန် တခုခုလုပ်လိမ့်မယ်"
"တောက် ဘယ်လိုလုပ်မလဲ အစ်ကို ကျွန်တော် ဘာလုပ်ရမလဲ"
"ခုတော့ ကိုယ်တို့ အရင်ရောက်အောင်ပြန်ရမယ်"
ခဏကြာတော့ ရိပေါ်တို့ လေယာဉ်က စတင်ထွက်ခွာခဲ့သည်။ရိပေါ်တညလုံးအိပ်လို့မပျော် ခုမှ လေယာဉ်က ပုံမှန်ထက် နှေးနေသလိုပဲ ခုလေယာဉ်ပေါ်မှာဆိုပေမဲ့ စိတ်က ရှန်ဟိုင်းကို ဘယ်နှကြိမ်ရောက်နေပြီလဲ မသိဘူး ဒီညတော့ သူ အိပ်ပျော်တော့မှာမဟုတ် မနက်မြန်မြန်ရောက်ပါစေသာ ဆုတောင်းနေမိသည်
❤️ ❤️ ❤️
"သတို့သားကြီး ထွက်လာပါပြီ"
"ရှင်းချိန် မင်း ဘယ်လိုဖြစ်နေတာလဲ"
"သတို့သားကြီးက ရှက်နေတာလား မရှက်နေပါနဲ့ မြန်မြန်လုပ်ပါ ခန်းမမှာ ရိပေါ်တို့တောင်ရောက်နေပြီ"
"မင်းတို့ကြောင့် နောက်ကျမှာလေ မင်းတို့ ရှုပ်နေလို့ ထွက်သွားကြ"
YOU ARE READING
Geရဲ့ကလေးလေး(Completed)(Zaw+Uni)