အပိုင်း(11)

1.4K 114 3
                                        

Unicode

"သခင်လေး ခေါ်လာခဲ့ပါပြီ"

"ဘယ်သူ့ကိုလဲ"

"ဟို ထွက်ပြေးသွားတဲ့အလုပ်သမားကိုပါ"

" ဪ ဝမ်နင်ဆိုတာလား"

"ဟုတ်ပါတယ်"

"သူဘယ်မှာလဲ"

"ဂိုထောင်ထဲမှာပါ"

"ကျွန်တော့်ကိုလွှတ်ပေးပါ ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ကိုလွှတ်ပေးပါနော်"

"ဝမ်နင် ရာ ဝမ်နင် ငါကအလုပ်အပေါ်သစ္စာရှိတာပဲကြိုက်တယ် အဲ့ဒါကိုမင်းကထွက်ပြေးတယ် မင်းငါမကြိုက်တာလုပ်လိုက်တာပဲ ငါမကြိုက်တာလုပ်ရင် အပြစ်ပေးခံရမယ်နော်"

ဝမ်နင်ရဲ့ မျက်လုံးကိုပိတ်စအနက်ဖြင့်စည်းစားသောကြောင့် ထိုသူကိုမမြင်ရ အသံသာကြားရသည်။တခါမှမကြားဖူးတဲ့အသံ ဟင် သခင်လေး သခင်လေးဆိုတာများလား

ဝမ်နင်ဒီအလုပ်လုပ်တဲ့ တလလုံး ခေါင်းဆောင်သခင်လေးဆိုတာ ရှိတယ်လို့သာ ကြားဖူးသည် တခါမှမမြင်ဖူး တွေ့ဖို့လဲမကြိုးစားခဲ့ပါဘူး ဘာလို့လဲဆိုတော့ သခင်လေးကိုတွေ့ဖူးတဲ့အလုပ်သမားဆိုတာ အသက်ရှင်လျက်မနေရတော့လို့ပါပဲ

"မျက်လုံးကအဝတ်ကိုဖယ်လိုက်"

သူ့တပည့်တွေက ဝမ်နင်မျက်လုံးက အဝတ်က်ုဖယ်ပေးလိုက်သည်။

"ငါ့ကိုကြည့်"

"သခင်လေး ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ကိုမသတ်ပါနဲ့နော် သခင်လေးကိုခဲ မကြည့်ပါဘူး အလုပ်ကိစ္စကိုလဲ ဘယ်သုမှမပြောပါဘူး ကျွန်တော်တောင်းပန်ပါတယ်"

"မင်းကြည့်ရတာ အမှန်ပြောနေပုံပါပဲ ခက်တာက ငါကဘယ်သူ့မှမယုံတက်ဘူး ငါ့ကိုကြည့်လို့ပြောနေတယ်လေ"

ဝမ်နင်ဆံပင်ကနေဆောင့်ဆွဲပြီး ခေါင်းမော့ပေးလိုက်တော့

"ဟင် သခင်လေး သခင်လေးက......"

"ဘယ်ဆိုးလို့လဲ မင်းကငါ့ကိုသိသားပဲ မင်းငါ့ကိုသိသွားပြီဆိုတော့ မင်းအသက်ရှင်ဖို့အကြောင့်မရှိတော့ဘူး"

"သခင်လေး ဒီမှာ သေနတ်"

"ဒီလိုကောင်မျိုးကို ငါသတ်ရမှာလား ဒီကောင်လောက်တော့ မင်းတို့ရှင်းလိုက်ပါ"

Geရဲ့ကလေးလေး(Completed)(Zaw+Uni)Donde viven las historias. Descúbrelo ahora