Unicode
"အားလုံးစားကြနော် အားမနာနဲ့"
"ကျွန်မတို့က အားမနာတက်ပါဘူး Dr ဟုတ်တယ်နော် ဟွိုက်ဆန်း"
"ဟုတ်တယ် ဟုတ်တယ်"
"ဝမ်ချင် စားလေ"
"ဟုတ် Dr"
"ခုက ဆေးရုံမှာမှမဟုတ်တာ ဝမ်ချင်ရယ် Drလို့မခေါ်ပါနဲ့"
"အဲ့ဒါဆို ဘယ်လိုခေါ်ရမှာလဲ"
"ကိုကိုလို့ ခေါ်လိုက်ပေါ့ဟာ"
"မျှမ်မျှမ် နင်....."
"မဟုတ်ဘူးလေ Drက ငါတို့ထက် နဲနဲကြီးမဲ့ပုံပဲ အဲ့ဒါကြောင့် ရိုရိုသေသေ ကိုကို လို့ခေါ်လို့ပြောတာ"
"နင်ကလဲ အစ်ကိုလောက်ဆိုရပါတယ်ဟာ"
"ဟွိုက်ဆန်း နင် မသိရင် ဝင်မပြောနဲ့ သောက်စရာရှိတာသောက်"
"အွန်း"
"အစ်ကို ဟို အစ်ကိုလို့ခေါ်မယ်နော်"
"ရပါတယ်"
"ဟိုလေ ကျွန်မပြန်တော့မယ် အရမ်းနောက်ကျနေရင် အားနင်တယောက်တည်း သူ ကျွန်မကိုမျှော်နေမှာ"
"အွန်း ပြန်ကြတာပေါ့"
"မျှမ်မျှမ် နင် ဒီည ငါအိမ်လိုက်ခဲ့ပါလား နင်ပြန်ရမှာဝေးတယ် ခုလဲတော်တော်နောက်ကျနေပြီဆိုတော့လေ"
"ရတယ် ရတယ် မားက ပြန်မလာရင် ငါ့ကိုသတ်လိုက်မယ် Dr ဝမ်ချင်ကို Drကို အပ်ခဲ့ပြီနော် ကျွန်မပြန်တော့မယ် ဟွိုက်ဆန်း နင်မြိုဆိုနေတာ ရပ်တော့ သွားမယ် သွားအယ် နောက်ကျနေပြီ"
"ငါ သောက်လို့ကောင်းတုန်းဟ"
မျှမ်မျှမ် ဟွိုက်ဆန်းကို ဂုတ်က ဆွဲကာ စားသောက်ဆိုင်းထဲက ဆွဲထုတ်သွားသည်။
"မျှမ်မျှမ် ငါ့ကို စောင့်ဦးလေ
"ဝမ်ချင် သူတို့ကို ခေါ်မနေပါနဲ့တော့ ကိုယ် ဟို ကိုယ် ဝမ်ချင်ကို လိုက်ပို့ပေးမယ်လေ"
"ရပါတယ် Dr အလုပ်ပိုနေပါ့မယ်"
"မဟုတ်တာ ညဘက်ကြီး မိန်းကလေးတယောက်တည်းပြန်ဖို့ မသင့်ဝောာ်ပါဘူး ကိုယ်လိုက်ပို့ပေးပါရစေ ပြီးတော့ ကိုယ့်ကို အစ်ကိုလို့ ခေါ်မယ်ဆို"
YOU ARE READING
Geရဲ့ကလေးလေး(Completed)(Zaw+Uni)