Unicode
"လန်ရှီးချန် ချင် တကယ်ပြောတာလား"
"ဟုတ်တယ် ကျင်းကွမ်းယောင် ကိုယ်တိုင် မိတ်ဆက်ပေးခဲ့တာ"
"ဒါဆို ရှောင်းကျန့်နားမှာ ရှိနေတာ ရှီးချန်ပေါ့"
"ကို သူက အားနင် ဟို ရိပေါ်နဲ့တူအောင် ဘာလို့ခွဲစိတ်ခဲ့ရတာလဲ"
"ကို လဲ သေချာမသိဘူး ရိပေါ်ကို ဒီလိုဖြစ်အောင် လုပ်တာ ရှီးချန်ဆို ရှောင်းကျန့်အတွက် အန္တရာယ် ရှိတယ် ချင် ရိပေါ်ကို ကြည့်ပေးထားပါ ကိုယ် ရှောင်းကျန့်ဆီဖုန်းဆက်လိုက်ဦးမယ်"
ကျန်းချန် ရှောင်းကျန့်ဆီ ဖုန်းဆက်လိုက်သည်။
"ဟဲလို ရှောင်းကျန့် မင်းဘာမှမမေးနဲ့ဦး ငါပြောတာပဲ ဆုံးအောင်နားထောင်ပေး မင်းဘေးနားမှာရှိနေတာ ရိပေါ်မဟုတ်ဘူး ရိပေါ်အစစ်မဟုတ်ဘူး သူကလန်ရှီးချန် သူ သူ U.Sမှာထဲ က ရိပေါ်ကို လုပ်ကြံပြီး သူ ရှန်ဟိုင်းကို ပြန်လာခဲ့တာ သူအကြံအစည်တခုခုရှိလိမ့်မယ် ရှောင်းကျန့်"
"သတိပေးတာကျေးဇူးပါပဲ"
"မင်း မင်းက...."
"ဟုတ်တယ် ကောထင်နေတဲ့သူပဲ"
"ရှောင်းကျန့် ရှောင်းကျန့်က ဘယ်မှာလဲ"
"Geက ရေချိုးခန်းထဲမှာ သတင်းပေးတဲ့သူမှားသွားပြီ Drရေ"
"မင်း က တော်တော် ယုတ်မာတဲ့သူပဲ ဝမ် သူဌေးက မင်းကို တသက်လုံးစောင့်ရှောက်လာတာ မင်းက ဒီလိုကျေးဇူးဆပ်လိုက်တာလား မင်းရဲ့အကြံအစည်က ဘာလဲ ရှီးချန်"
"Ge"
"ဘာ"
"ဟုတ်တယ် ကျွန်တော် လုပ်ခဲ့သမျှအကုန်လုံးက geကိုရဖို့အတွက်ပဲ ကျွန်တော်geတယောက်ကိုပဲ ပိုင်ဆိုင်ချင်ရုံလေးပါ ကော မနှောက်ယှက်ပါနဲ့"
"လန်ရှီးချန် မင်းပိုင်ဆိုင်ချင်တိုင်း လုပ်ယူရအောင် ရှောင်းကျန့်က အရုပ်မဟုတ်ဘူး ငါ တားမှာ ငါ ရအောင်ကိုတားမှာ"
"တားကြည့်လိုက်လေ ကော ခု geနားမှာ ရှိနေတာ ကျွန်တော်နော် geသာ ကျွန်တော့်အကြောင်းတွေသိသွားမယ်ဆို ကျွန်တော် ဘာလုပ်မိမလဲ မပြောတက်ဘူး"
![](https://img.wattpad.com/cover/240823502-288-k970655.jpg)
ESTÁS LEYENDO
Geရဲ့ကလေးလေး(Completed)(Zaw+Uni)