Unicode
"ဟဲ့ ဟိုမှာ ရိပေါ် မဟုတ်လား"
"ဟုတ်တယ် ရိပေါ်က ဘယ်လောက်ချေချေ ချောနေတာပဲ"
ကျောင်းဝန်းထဲကို ဆိုင်ကယ်လေးစီးပြီးဝင်လာတဲ့ ကောင်လေးတယောက် သူကတကျောင်းလုံးရဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဝမ်ရိပေါ် ဒါပေမဲ့သူကဘယ်သူကိုမှစိတ်ဝင်စားခဲ့တာမဟုတ် ငယ်ငယ်လေးတည်းက သူ့ရင်ထဲမှာစိုးမိုးနေတဲ့သူ ရှိနေလို့ပါ
"ဝါး ရိပေါ်ပြုံးနေတာလား"
"ဝမ်ချေချေလေး ပြုံးနေတယ်"
"ချောလိုက်တာ"
ကောင်မလေးတွေရဲ့စကားကြောင့် ရိပေါ် သူ့ကိုယ်သူပြန်ဆန်းစစ်မိသည်။
"ငါ ပြုံးနေတယ် အဟမ်း"
ရိပေါ်က ကျောင်းမှာဆို အကြောင်းအရင်းမရှိ မဟုတ်ဘူး အကြောင်းရှိတာတောင် မရီမပြုံးပဲ ခပ်ချေချေနေတက်သူပါ ခုမှသူ့ကိုသူသတိထားမိသည် ခုမှမဟုတ်ဘူး သူကျောင်းလာတဲ့တလျှောက်လုံးပြုံးနေမိတာ လမ်းကမြင်လိုက်တဲ့သူတွေမြင်မိမှာပါ ဘာလို့လဲဆိုတော့geကြောင့်ပဲပေါ့ geအကြောင်းတွေးမိရင်ကို ပြုံးနေမိတာ
ဝမ်ရိပေါ် ဝမ်ရိပေါ် မင်းတော်တော်ဖြစ်နေတာပဲ
"ရိပေါ် ရောက်ပြီလား"
စစ်ကျွေးအသံကြောင့် ရိပေါ်အတွေးများပြတ်တောက်သွားသည်။
"ငါရောက်လို့ မင်းမြင်နေတာပေါ့"
"ဟျောင် ချေမိုးမနေနဲ့ မင်းလာတာနောက်ကျတယ် အတန်းချိန်စတော့မယ်"
"အင်း"
သူတို့အတန်းရှေ့ရောက်တော့ ဆရာက စာ စသင်နေပြီ
"ဆရာ"
"ဪ ရိပေါ် ပြောပါဦး နောက်ကျရတဲ့အကြောင်းလေး"
ဘယ်သူ့ကိုချေနေနေ ဆရာကိုတော့ရိပေါ်ကြောက်သည် ခုလဲ ဘယ်လိုဆင်ခြေပေးရမလဲ သူနောက်ကျတာ geကိုငမ်း အဲ့ geနဲ့စကားပြောနေလိုလေ
"ဟို ဟို လမ်းမှာ.........."
"တော်တော် မင်းပြောရင်ဆင်ခြေတွေပဲဖြစ်မှာ မြန်မြန်ဝင် စာသင်တာပျက်တယ်"
ESTÁS LEYENDO
Geရဲ့ကလေးလေး(Completed)(Zaw+Uni)