{Zawgyi}
•ဖုံးကွယ်ထားသည်များ•
နောက်ရက်အနည်းငယ်လောက်ထိ ရှုယောင်နဲ့ လဲ့ယောင်တို့ အရမ်းအလုပ်များနေခဲ့တယ်။ စစ်ဆေးရေးအဖွဲ့ကို သုံးစုခွဲထားလိုက်တယ်၊ တျန်းယီနဲ့ လင်းချောင်တို့ ဦးဆောင်တဲ့ပထမအဖွဲ့က ဟွာရှားမှာ ဒုတိယမြို့တော်အဖြစ် ပြန်လည်တည်ဆောက်ဖို့အတွက် သင့်တော်မယ့်မြေနေရာကို ရှာဖွေဖို့ ဆုံးဖြတ်ထားတယ်၊ ဒုတိယအဖွဲ့ကတော့ ယန်ကျဲ့နဲ့ ယန်းဟန်းတျန်းတို့ဦးဆောင်တာဖြစ်ပြီး အရပ်သားတွေအတွက် ကွန်ယက်အသစ်တစ်ခုကို ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ အစီအစဉ်ကိုဖန်တီးတယ်။ တတိယအဖွဲ့ကိုတော့ ရှုယောင်နဲ့ ယီလင်းယန်က ဦးဆောင်ပြီး သေဆုံးသူတွေအတွက် ပြန်လည်နေရာချရေးကိစ္စတွေကို ကိုင်တွယ်ကာ တစ်ဆက်တည်းမှာပဲ များစွာသောအရေးကြီးပရောဂျက်တွေရဲ့ ဆောက်လုပ်ရေးနဲ့ ဒီဇိုင်းပိုင်းမှာ ကြီးကြပ်ပေးရတယ်။
ယီလင်းယန်က ဟွာရှားကို တည်နေရာပြောင်းမယ့်အဖွဲ့နဲ့အတူ ပထမအသုတ်တည်းက ပါလာတာမဟုတ်ဘဲ နောက်မှရောက်လာတာဖြစ်တယ်။ သူက အရာရှိကွမ်ရွှယ်ဖန်းနဲ့လိုက်လာတာဖြစ်ပြီး သူနဲ့အတူ လူတော်တော်များများလည်း ခေါ်လာတယ်။ သူ့အဖွဲ့ထဲမှာ စက်ပစ္စည်းဆိုင်ရာဒီဇိုင်းပညာရှင်တွေတင်မကဘူး ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွက် ဒီဇိုင်းပညာရှင်တွေ၊ လမ်းတံတားဆောက်လုပ်ရေး ကျွမ်းကျင်သူတွေနဲ့ များစွာသော မတူညီတဲ့လုပ်ငန်းပိုင်းဆိုင်ရာက အတတ်ပညာရှင်တွေများစွာလည်းပါတယ်။
လတ်တလော နေ့တိုင်း မျက်နှာသစ်တွေကို လဲ့ယောင်မြင်နေရတယ်။ မနက်ပိုင်းမှာဆို အိမ်မှာနေရင်း Online classက ဆရာဆီကနေ စာလေ့လာတယ်။ နေ့လည်ကျရင် ရှုယောင်က နေ့လည်စာအတူစားဖို့အတွက် ကန်တင်းကို ခေါ်သွားပေးတယ်။ ပြီးရင် အနားယူဖို့အတွက် အိမ်ပြန်ပို့ပေးတယ်။ နေ့ခင်းပိုင်းမှာဆို လဲ့ယောင် အနားယူတာနဲ့ပဲ အချိန်ကုန်ပြီး ညနေမှာတော့ ဟွာရှားပြတိုက်ကို ဆောက်လုပ်နိုင်ဖို့အတွက် အစီအစဉ်ချတာနဲ့ လေ့လာတာတွေလုပ်ဖြစ်တယ်။
သူတစ်ယောက်တည်း စီစဉ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် အပလောကမှာရှိတဲ့ ဝိဉာဉ်တွေထဲက သမိုင်းနဲ့ ရှေးဟောင်းသုတေသနဘာသာရပ်တွေကို လေ့လာခဲ့တဲ့ ဝိဉာဉ်တွေကို ကျီဖန်းယုကို ရှာခိုင်းထားတယ်။ အဲ့အပြင် ပြတိုက်မှုးတစ်ယောက် ခန့်အပ်ဖို့လည်း ရှာခိုင်းတယ်။ သူနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ပြီး သူ့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် ဝိဉာဉ်တွေရှိတယ်ဆိုရင် သူတို့ကို စားသောက်ဖို့နဲ့ နေထိုင်စရာကောင်းကောင်းပေးထားမှာဖြစ်တယ်။
BẠN ĐANG ĐỌC
ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}
Lãng mạnTitle - The general loves to collect little red flowers Author: 困成熊猫 Total Chapters: 111 Chapters Genre - Comedy, Interstellar, omegaverse, Sci-fi, Transmigration Eng Translator - Frozenmirage Myanmar Translator - Kay_Wine 😉