အပိုင်း - ၆၅

20.1K 3.4K 109
                                    

{Zawgyi}

•အထုံပါရမီ•

'What the hell!'

'အလုပ်ဖြစ်သဟ!'

"အစ်... အစ်ကိုရှု တကယ်ကြီးလား?!" ယန်ကျဲ့ သူ့နှဖူးကိုလက်ညှိုးထိုးပြပြီး ရှန်းဝေ့လင်ရပ်နေတဲ့နေရာကို ညွှန်ပြလိုက်တယ်။

"ဘာလဲ? တကယ်အလုပ်ဖြစ်တာလား?" ရှုယောင် မျက်ခုံးပင့်ပြီး မေးလိုက်တယ်။

"ဟုတ်တယ် ဟုတ်တယ် အာ!" ယန်ကျဲ့ဆက်ပြောတယ် "ဒါပေမယ့် အဲ့တာကိုဘယ်လိုလုပ်လိုက်တာလဲ? ခေါင်းဆောင်ချန်းနဲ့ ကျွန်တော်တောင် အများကြီးဆွဲခဲ့ရတာ တစ်ခုမှလည်းအသုံးမဝင်ဘူး! အဲ့တုန်းက Mr.ရှောင်လဲ့က နတ်ဘုရားရဲ့ကောင်းချီးပေးတဲ့စွမ်းအင်က ကျွန်တော်တို့ဆွဲထားတဲ့ အက္ခရာတွေပေါ်မှာမရှိဘူးဆိုရင် အဆောင်က ထိရောက်မှုရှိမှာမဟုတ်ဘူးတဲ့.. ဒါပေမယ့် ဒါကျတော့... ဘုရားသခင်၊ အစ်ကိုကြီးက အရမ်းကိုစွမ်းအားတွေရှိနေတာမဟုတ်ဘူးလား?"

"အဲ့တာ ပုံမှန်ပဲ" ထို့နောက် စုတ်တံကို စားပွဲပေါ်ချလိုက်တယ် "လဲ့ယောင် နိုးလာတဲ့အခါကျမှ အဲ့အကြောင်းမေးကြည့်လိုက်မယ်"

အရိုးသားဆုံးပြောရရင် ရှုယောင်အဆောင်ကို ဒီတိုင်းပေါ့ပေါ့ပါးပါးဆွဲပြီး အလုပ်ဖြစ်မယ်လို့ကို ထင်မထားခဲ့တာ။ လဲ့ယောင်ဆွဲတာကို နှစ်ကြိမ်မြင်ဖူးတာကြောင့် သူပါဆွဲကြည့်ချင်လို့ လုပ်လိုက်ရုံသာရှိတယ်။ ဟုတ်လားမဟုတ်လားဆိုတာလည်း မသေချာဘဲ စိတ်ထဲမှာပေါ်လာတဲ့အတိုင်းပဲ လိုက်လုပ်လိုက်တာ။

အခု လဲ့ယောင်က အိပ်ပျော်နေတယ်။ ရာသီဥတုကလည်း တဖြည်းဖြည်းပူတာကြောင့်ပဲလား ကလေးတွေက ကြီးထွားတာမြန်တာကြောင့်ပဲလားတော့ မပြောတတ်ဘူး အခုနောက်ပိုင်း သူပိုပြီးအိပ်လာတယ်။ အခု လဲ့ယောင်အလေးချိန်တိုးလာတာက သိသာနေပြီ။ အရင်ကခပ်ချွန်ချွန်မေးလေးက အနည်းငယ်ဝိုင်းဝိုင်းလေးဖြစ်လာကာ ပြားကပ်နေတဲ့ဗိုက်လေးကလည်း အနည်းငယ်စူထွက်နေပြီ။ အပြင်ထွက်တိုင်းမှာ သူကအမြဲလိုလို အလွှာအထပ်ထပ်နဲ့ဝတ်တတ်တာကြောင့် အရမ်းမသိသာလှဘူး။ ဒါပေမယ့် ညပိုင်းသူတို့နှစ်ယောက်တည်းရှိတော့တဲ့အချိန်ဆို သူ့ဇနီးလေးရဲ့ဗိုက်ထဲက သူ့ရဲ့ကလေးပေါက်လေးတွေက ကြီးလာကြပြီဆိုတာကို ရှုယောင်ပြောနိုင်တယ်။ ထိလိုက်တာနဲ့တင် ပုံမှန်ထက်နူးညံ့ပြီး သူ့ရင်ခွင်ထဲထည့်ဖက်ထားရင် အရမ်းသက်သောင့်သက်သာရှိတယ်။ [T/N : အရင်ကတော့ အရိုးစူးတယ်ပေါ့လေ]

ဗိုလ်ချုပ်ကြီးက ပန်းပွင့်နီလေးတွေလိုက်စုနေတယ် [ဘာသာပြန်] {Complete}Where stories live. Discover now